Ep-67

426 25 0
                                    


Unicode Version

'ရှင်!'

တိတ်ဆိတ်သောအခန်းကျယ်ထဲက ခပ်မှိန်မှိန်အလင်းရောင်များပါ ပိတ်သွားသကဲ့သို့ ဝိုင့်ကမာ္ဘကြီးလည်း တိတ်ဆိတ်မှောင်မိုက်သွားသည်။

Wine: 'ကိုဘာပြောလိုက်တယ်?'
သူရိန်: 'မင်းမကြားဘူးလား? လမ်းခွဲကြရအောင်လို့'

ဒီလိုနေ့မျိုးကို ဝိုင်ကြိုတွေးထားပြီးပေမယ့် ဒီလောက်မြန်မြန်ရောက်ရှိလာမယ်လို့တော့ မထင်ခဲ့မိတာအမှန်။

Wine: 'ဘာလို့လဲ ကိုရယ်! ဝိုင်ဘာအမှားလုပ်မိလို့လဲဟင်?'
သူရိန်: 'မင်းမမှားပါဘူး။ မင်းနည်းနည်းလေးမှ မမှားခဲ့ပါဘူး။ ငါပဲ...ငါကပဲ မင်းအချစ်တွေနဲ့မထိုက်တန်တော့တာပါ'

တစ်လောကလုံးကိုဆုံးရှုံးသွားသလိုပဲ...ဝိုင့်ရင်ထဲ နာကျင်နေသည်။ စကားလုံးများက နှလုံးခုန်သံနှင့်အတူရောထွေးကာ တည်ငြိမ်မှုမရှိတော့ပဲ ရောက်တက်ရာရာခုန်ပေါက်ထွက်လာနေသည်။

Wine: 'ဘာလို့လဲ? ဘာက ကို့ကို ဒီလိုခံစားရစေခဲ့တာလဲ?'
သူရိန်: 'ဟာကွာ! မင်းရဲ့ သံသယတွေ၊ သဝန်တိုမှုတွေ၊ ချုပ်ချယ်မှုတွေကငါ့ကိုပင်ပန်းစေတယ်။ ပြီးတော့ မင်းနားမှာမပျော်ရွှင်ရတော့ဘူး။ မင်းအချစ်က ငါ့ကိုပူလောင်စေတယ်'
Wine: 'ဝိုင့်ကို မချစ်တော့ဘူးလားဟင်?'

သူရိန်ဘာမှပြန်မပြောပဲ မျက်နှာလွှဲသွားသည်။ ဝိုင်လည်း သူရိန့်အဖြေကို မကြားရဲတော့သောကြောင့် ထပ်မမေးတော့ပေ။

Wine: 'ဝိုင်တားခွင့်မရှိတော့ဘူးလားဟင်?'
သူရိန်: 'တားလည်းမထူးတော့ဘူး ဝိုင်! ကိုဆုံးဖြတ်ပြီးပြီ'

သူရိန်ကဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တာကို ဝိုင်သိသည်။

ဆက်ပြီးဖမ်းဆုတ်ဖို့ရာလည်း အားမရှိတော့ပေ။ ကောက်ရိုးတစ်မျှင်မျှမျှော်လင့်ချက်ရှိရင်တောင် ဝိုင်လှမ်းဆွဲလိုက်မိမှာ အမှန်ပင်။ အခုတော့ မိမိအရှေ့မှာရပ်နေတဲ့ ဒီလူသား၊ မိမိအချစ်ရဆုံးလူသားကို မဆုံးရှုံးချင်သော်လည်း ဆုံးရှုံးရတော့မည်။ လက်မလွှတ်ချင်သော်လည်း လက်လွှတ်မှဖြစ်တော့မည် ဟူသောအတွေးများဖြင့် ရင်ဘတ်တစ်ခုလုံး ကြေမွသွားသလိုခံစားနေရသည်။

PoisonWhere stories live. Discover now