Ep-112

336 19 0
                                    

Unicode Version

ဝိုင်နဲ့မိုးထက်မြင့်တို့ အိမ်ပြန်ရန် ဟိုတယ်အောက်ဆင်းလာကြရင်း ဟိုတယ်ရှေ့၌ရပ်ထားသော နေမင်းရဲ့ကားကိုတွေ့သွားကြသည်။ အနားသွားကြည့်တော့ ကားထဲ၌ အိပ်ပျော်နေသော နေမင်းကိုတွေ့သော အခါ ဝိုင်စိတ်တိုသွားပြီး တံခါးမှန်ကို အဆက်မပြတ်ခေါက်တော့သည်။

Naymin: 'ဘာလဲဟ! ဝိုင်ပဲ! ဘာလဲဟာ...ငါ့မှန်လည်း ကွဲထွက်သွားပါဦးမယ်။ ဒါနဲ့! ကိုမိုးထက်မြင့် သက်သာလား?'
MHM: 'အင်း သက်သာသွားပြီ'
Wine: 'ဒီရောက်နေတာကို ဘာလို့မပြောတာလဲ?'
Naymin: 'မသိဘူးလေဟာ ဖုန်းဆက်လိုက်လို့ အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ပေါ့'
Wine: 'ဘာတွေပြောနေတာလဲ? ဘာအနှောက်အယှက်ဖြစ်ရမှာလဲ?🙁။ ဒါဆို ကိုမိုးထက်မြင့် အိမ်ပဲတန်းပြန်လိုက်တော့။ ကျွန်မ သူနဲ့ပြန်လိုက်တော့မယ်'
MHM: 'အင်း! ဒါနဲ့! ကိုတို့စကားပြောလို့မပြီးသေးဘူးနော်'
Wine: 'ကျွန်မမှာပြောစရာမရှိဘူး။ ကိုမိုးထက်မြင့်ပြောစရာရှိရင် Message ပဲပို့လိုက်ပါ'
MHM: (ဘာပဲဖြစ်ဖြစ် Message ကိုဖတ်ပေးမယ်ဆိုရုံနဲ့တင် ရပါပြီ)
'ကောင်းပါပြီ။ ဒါဆို ကိုသွားတော့မယ်'
Wine: 'အင်း'

ထိုနောက် ဝိုင်လည်း လှည့်ထွက်သွားသော မိုးထက်မြင့်ရဲ့ ကျောပြင်ကိုငေးကြည့်လျက် ကျန်ခဲ့တော့သည်။

Wine: (ဒီကျောပြင်! အကြိမ်ကြိမ်အခါခါတွေ့ဖူးပါလျှက်နဲ့ ဒီနေ့မှဘာလို့ ဝမ်းနည်းစရာကောင်းနေရတာလဲ? ရှင်းပြမယ်ဆိုပြီး ရှင်ပြောနေပေမယ့် ကျွန်မလိုချင်တာ ဖြေရှင်းချက်တစ်ခုမှမဟုတ်ပဲ ကိုမိုးထက်မြင့်ရယ်....။ ရှင်ကျွန်မကို ချစ်တယ်လို့ တစ်ခါလေးတောင်ထပ်မပြောဘူးနော်!)

Naymin: 'ကဲ! ကြည့်လို့ဝပြီလား?'
Wine: 'ဘာတွေလာပြောနေတာလဲ? ဘာကြည့်လို့လဲ?'
Naymin: (ပြောင်လိမ်တယ်ဆိုတာ နင်မှအစစ်)
'အေးပါ...ဘာမှမကြည့်ဘူးပဲထားပါ။ လာ! တက်! အိမ်ပြန်ကြမယ်'
Wine: 'အင်း'
-------------------------------------------

အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှ ဆိုဖာပေါ်တွင် မိမိကိုစောင့်ရင်း အိပ်ပျော်နေသော နွယ့်ကိုတွေ့ရသည်။

MHM: 'မမ! မမ!'
Nwe: 'ဟေ! မောင်လေးပြန်လာပြီလား? ဘယ်လိုနေလဲ? သက်သာလား? ဝိုင်ရော? အတူတူပြန်ပါမလာဘူးလား?'
MHM: 'မေးခွန်းတွေများလှချည်လား မမရယ်။ ဖြည်းဖြည်းမေးပါ'
Nwe: 'ဒါဆိုလည်း တစ်ခုပဲမေးတော့မယ်။ အဆင်ပြေလား?'

PoisonWhere stories live. Discover now