Ep-42

468 26 0
                                    


Unicode Version

Wine: 'ကိုမိုးထက်မြင့်! ကျွန်မဆေးလိမ်းပေးမယ်လေ။ နာရင်တော့ နည်းနည်းအောင့်ခံနော်'

ဝိုင်စကားပြောနေသော်လည်း မိုးထက်မြင့်မကြားတော့။ ဘာမျှပြန်မပြောသဖြင့် ဝိုင်လည်း ဆက်ပြောမနေတော့ပဲ ဆေးလိမ်းပေးရန် ပြင်သည်။ စီးထားသော ရှူးဖိနပ်ကိုချွတ်၍ မိုးထက်မြင့်ခြေထောက်ကိုဝိုင့်ပေါင်ပေါ်တင်ကာ ဆေးလိမ်းပေးသည်။ မိုးထက်မြင့်လည်း ဝိုင့်မျက်နှာကိုသာ စိတ်မကောင်းစွာကြည့်နေသည်။
(မင်းကိုမမုန်းရက်ဘူး။ မဟုတ်ဘူး၊ မမုန်းချင်ဘူး ဝိုင်ရယ်...။ အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုရင်လည်း အချစ်မကြီးမိအောင်ပဲထိန်းရတော့မှာပေါ့ကွာ)

Wine: 'ကိုမိုးထက်မြင့်! သက်သာရဲ့လား? ဘယ်နားနာနေသေးလဲ?'
MHM: 'ဟင့်အင်း၊ သက်သာသွားပြီ'
Wine: 'တော်ပါသေးရဲ့။ ဒါဆို ကျွန်မတို့ အိမ်ပြန်ကြမလား?'
MHM: 'အင်း၊ ပြန်ကြမယ်လေ'

ဝိုင်နဲ့မိုးထက်မြင့်တို့က ကားတစ်စီး၊ Mark ကတစ်စီးဖြင့် အသီးသီး အိမ်ပြန်ကြသည်။ လမ်းတစ်ဝက်ရောက်တော့ ဝိုင့် ဗိုက်က သံစုံတီးဝိုင်းတွေထွက်လာသည်။
"ဂွီ..."

MHM: 'ဗိုက်ဆာနေတာလား?'
Wine: 'ဟီး...တစ်နေကုန်မစားရသေးဘူးဆိုတော့လေ...'
MHM: 'ဒါဆိုလည်း ဆိုင်တစ်ခုခုမှာရပ်လိုက်မယ်လေ။ ဝင်စားကြတာပေါ့'
Wine: 'ရပါတယ်။ အိမ်မှာ မမနွယ်ဟင်းတွေချက်ထားလောက်တယ်'
MHM: 'အိမ်ရောက်ဖို့က ၂ နာရီလောက်လိုသေးတာ၊ မင်းဗိုက်က ခံနိုင်ရည်ရှိပုံမပေါ်ဘူး။ စကားများမနေပါနဲ့၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ ရပ်ပေးမယ်'
Wine: 'အင်း'

ကားဘီးတစ်ခါလှိမ့်တိုင်းထွက်လာနေသော ဝိုင့်ဗိုက်ထဲက သံစုံတီးဝိုင်းအသံကြောင့် မိုးထက်မြင့် ကားမောင်းရန်အာရုံစိုက်မရတော့သဖြင့် တွေ့ကရာဆိုင်၌ အမြန်ရပ်ပေးလိုက်တော့သည်။ ထိုအချိန်တွင်...

🎵🎶...............Ringtone
MHM: 'မင်းအရင်သွားနှင့်နော်! ငါနောက်မှလိုက်လာခဲ့မယ်'
Wine: 'ဟုတ် ဟုတ်'

ဝိုင်ထွက်သွားပြီးမှ မိုးထက်မြင့်လည်း ဖုန်းကိုင်ပြီး

MHM: 'ဟယ်လို!'
ULayGyi: 'မောင်ရင် အတည်ပြုရမှာတစ်ခုရှိတယ် ၊ ဒီကိုလာနိုင်မလား?'
MHM: 'ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ်'

PoisonWhere stories live. Discover now