အပိုင်း ၃

1.1K 40 0
                                    

ရေစက်လေးတွေနဲ့ အရိပ်ကိုကြည့်ရင်း ရေငတ်လာသလိုဖြစ်လာတာကြောင့် လရောင်မသိမသာတံတွေးမြိုလိုက်မိသည်

"ဟို...
လရောင် ရေချိုးလိုက်ဦးမယ်
အရိပ် အိပ်ချင်အိပ်လေနော်"

"ဟုတ်အဲ့တာဆို အရိပ် အိပ်နှင့်တော့မယ်နော်"

"အင်း"

လရောင် သဘက်ကလေးကိုင်ပြီး ရေချိုးခန်းထဲဝင်
တံခါးဂျက်ချပြီးတာနဲ့ အခန်းတွင်းကမှန်ကိုကြည့်ရင်း

"ဟူးးးး
ငါ့ ရင်တွေခုန်နေတာပဲ
ငါ ဘာတွေဖြစ်နေတာလဲ ရင်ခုန်တတ်နေပြီ
သူ့ကိုဆိုအဲ့လိုဖြစ်နေတာ
ငါအချစ်ကိုတွေ့သွားတာလား"

လရောင် အတွေးတွေကိုရပ်လိုက်ပြီး ရေအမြန်ချိုးလိုက်
သည်

ရေချိုးခန်းကထွက်လာတော့ ညဝတ်အင်္ကျီလေးကိုင်ထား
တဲ့ အရိပ်ကိုတွေ့လိုက်တော့

"မအိပ်သေးဘူးလား"

"ဟုတ် ရေသုတ်ပြီးပြီလား
ရော့ ဒါလေး"

လရောင်ဝတ်ဖို့ညဝတ်လေးကို လက်ထဲထည့်ပေးပြီး

"အမြန်ဝတ်လိုက်ဦး လရောင်ကြာနေလို့လေ
လရောင်အဲ့လိုပဲရေချိုးရင်ကြာတတ်တာလား"

"အင်း နည်းနည်း ဒီနေ့က ပိုကြာသွားတာ
အရင်က လရောင်ဝတ်ဖို့ မေမေကထုတ်ပေးနေကျ
အခု အရိပ်ထုတ်ပေးတော့ တမျိုးလေးပဲ"

"လရောင်က ကံကောင်းတာပေါ့ အရိပ်ဆိုမိဘဆိုတာ
ဘာမှန်းမသိလိုက်ရဘူး"

လရောင်စကားမှားသလိုဖြစ်သွားသည်
သူမမျက်နှာလေးငြိုးနေတာလေးတွေ့တော့လဲ
လရောင်ရင်ထဲနေမရ

"အာ Sorry ပါ
လရောင်က ဟို.."

"ရပါတယ်"

"စိတ်မပူနဲ့နောက်ကျရင် လရောင်က အရိပ်ကို
စောင့်ရှောက်ပေးမယ်နော်
မိဘလိုရော....
ညီမလေးလိုရော....နောက်ပြီး"

လရောင်စကားပြောရင်း ထိုညလေးကိုသတိရသွားပြန်သည်
လရောင်စကားဖြတ်လိုက်ပြီး

"ဟို အိပ်ကြမယ်လေ နော်
မနက်စောစောသွားကြမှာဆိုတော့
စောစောအိပ်ကြမယ်"

လရောင် အလင်းWhere stories live. Discover now