အပိုင်း ၁၈

462 20 0
                                    

"ချစ်ရေ လင်းပြန်လာပြီ
ချစ် လာလဲ မကြိုဘူး"

လရောင်အိမ်ထဲဝင်သွားတော့ ထမင်းစားခန်းထဲကနေ
အရိပ်က

"ပြန်ရောက်တာ သိပါတယ်နော်
လာမကြိုတာ ချက်နေရင်းတန်းလန်းနဲ့
တူးသွားမှာစိုးလို့ပါ လင်းကြိုက်တာတွေချက်ထားတယ်
သိရဲ့လား"

"အင်းး အနံ့ရပြီး ဗိုက်ကဆာနေပြီ
  အကုန်ကျက်ပြီလား "

"ဒါလေးချရင်ပြီးပြီ"

"အဲ့တာဆို ရေချိုးပြီ တူတူစားမယ်လေ"

"ဟုတ်ကဲ့ပါရှင့် လင်းအရင်သွားချိုး သွား
ပြီးရင် ချစ်ချိုးမယ်"

"အာ တူတူချိုးမယ်လေ"

"ရှင်နော် ပေါက်ကရတွေ ပြီးရင်
ချိုးတာနည်းနည်း အသားယူတာများများ
သွားး အရင်သွားချိုး"

"ဟီးး အဲ့တာဆိုသွားချိုးဦးမယ်"

လရောင် အပေါ်တက်ကာ ရေချိုးခန်းထဲဝင်လေသည်
လရောင် ရေချိုးနေတုန်း လရောင်ရဲ့ဖုန်းဝင်နေသည်

ဖုန်းဆက်တိုက်ခေါ်နေသည်ကိုအရိပ်က ကြားနေတော့

"အရေးကြီးလား မသိဘူး"

အရိပ်က ဖုန်းယူကာကြည့်လိုက်တော့လဲ နာမည်မမှတ်ထား  အရိပ်ကိုင်လိုက်သည်

~ဟလို

~ဟလို ဒေါ်လရောင်လား

~ဟုတ် သူရေချိုးနေလို့ပြောပါ သူ့ကိုပြန်ပြောပေးပါ့မယ်

~ဟုတ် သူပိုင်တဲ့ခြံနဲ့အိမ်ကို ဝယ်ချင်တဲ့သူရှိလို့ပါ
ဈေးကောင်းလည်းပေးနေတော့
အဲ့တာရောင်းပေးနိုင်မလား လှမ်းမေးကြည့်တာပါ

အရိပ်မသိတာကြောင့်

~ဘယ်နားကခြံလဲ မသိဘူး
 
တစ်ဖက်လူက လိပ်စာပြောပြလိုက်တော့ အရိပ် ကြောင်
နေသည် ထိုလိပ်စာက အရိပ်ရဲ့မိဘတွေပိုင်တဲ့ အရိပ်ငယ်
ဘဝကအိမ်လေးပင်

~ဟုတ် ပြောပေးပါမယ်နော်

အရိပ်ဖုန်းချလိုက်ပြီး

(ဒီအိမ်က ငါ့မိဘအရင်းတွေအိမ်လေ
ဘာလို့ လင်းရဲ့အပိုင်ဖြစ်နေတာလဲ)

လရောင် အလင်းWhere stories live. Discover now