ဘယ်ချိန်ထဲကလွမ်းနေလဲ မသိ အရိပ်တစ်ယောက်လရောင်ရဲ့အနမ်းတို့အပြတ်မခံ အကြင်နာအနမ်းတွေကြောင့် အသက်ရှူပါမဝ ဖြစ်လာတာကြောင့် လရောင်က အနမ်းတို့ကို ခနခွာလိုက်တော့
"ဘာလို့လဲ
ဘာလို့ မနမ်းတော့တာလဲဟင်
ချစ်ကို လက်မခံနိုင်သေးလို့လား""ဒေါ်နွေအရိပ်"
"ပြောပါ ချစ်ကို လက်မခံနိုင်သေးရင်လဲ
ချစ် လင်းလက်ခံနိုင်တဲ့အထိ စောင့်ပါမယ်"လရောင်ရဲ့ အဖြေကိုစောင့်နေတဲ့အရိပ်
"ချစ် အသက်ရှူမဝ မဖြစ်ဖူးလား"
လရောင်ရဲ့အဖြေကြောင့် ရှက်သွားရပြန်သည်
အနမ်းလွန်နေတာကို အရိပ်တွေးမိသွားသည်"အာ
လင်းကလဲ"ရှက်ပြီး လရောင်ရင်ခွင်ထဲခေါင်းလေးတိုးဝင်သွားလေသည်
(နမ်းတုန်းကနမ်းပြီး အခုကျ အရိပ်တစ်ယောက် ရှက်နေပြန်ပြီ
ချစ်ရယ်)"လင်းက ချစ် အသက်မရှူတော့မှာစိုးလို့ပါ"
အရိပ် လရောင်ရင်ခွင်ထဲ ငြိမ်နေလိုက်ပြီး
"လင်း ချစ်လေ...
ချစ် တကယ် တောင်းပန်ပါတယ်နော်""ရပါပြီကလေးမလေးရယ် ဘာလို့ ခနခနတောင်းပန်နေရတာလဲ မမောဘူးလား ပြီးတော့ ချစ်ဖြစ်ခဲ့တာက ဆေးပညာနဲ့ ပြောရရင်တော့ ရောဂါတစ်မျိုးပဲလေ ချစ်ဖြစ်ချင်လို့ဆိုပြီး ဖြစ်တာမျိုး
မေ့ချင်လို့ဆိုပြီး မေ့တာမျိုးမှ မဟုတ်တာ
လင်းဘက်က အပြစ်မယူခဲ့ဖူးပါဘူး""ဒါပေမဲ့လဲ.."
လရောင် အရိပ်ရဲ့နှုတ်ခမ်းလေးကို နမ်းလိုက်ပြန်သည်
အနမ်းတို့က ဘယ်အချိန်နမ်းနမ်းကို ချိုမြနေသည်"တော်ပြီ အဲ့အကြောင်းမပြောနဲ့တော့"
"အဲ့တာဆို တူတူလာနေလို့ရလားဟင်"
"ချစ် ဘယ်လိုပြောလိုက်တာလဲ
ခုတင်ပေါ် ရောက်တောင်နေပြီကို""ဟွင်းး သူများစကားကိုသုံးပြန်ပြီ"
အရိပ်ငြိမ်သွားတာကြောင့် လရောင်က အိပ်ပြီအထင်နဲ့ ကြည့်လိုက်တော့ အရိပ်တစ်ယောက်မအိပ်ပဲ ငြိမ်နေသည်