အပိုင်း ၂၀

408 15 1
                                    

လရောင်တို့စကားပြောနေရင်းပဲ ဖုန်းအဝင်call လေး
ဘယ်သူလဲလို့ကြည့်လိုက်တော့လည်း လရောင်မသိတဲ့
နံပါတ်တစ်ခု

"ခနလေးနော် လင်း ဖုန်းကိုင်လိုက်မယ်"

"ဟင်း ကိုင် ပြီးရင်တော့လာမထိနဲ့
လူကိုစိတ်ပါအောင်ဟိုပွတ်ဒီပွတ်နဲ့ခုကျ ဖုန်းပြောတယ်
တွေ့မယ်"

လရောင် ပွစိပွစိလုပ်နေတဲ့ အရိပ်ပါးလေးကိုဆွဲပြီး နှာခေါင်း ရှုံ့ပြလိုက်သည်
လက်ကလည်းဖုန်းကိုလက်ခံရင်း

~ဟလို

~လရောင်

လရောင် အသံကိုမှတ်မိပါသည်

~ရိုစီလား

~ဟုတ် လရောင်

~ဒီဖုန်းနံပါတ် နဲ့မခေါ်ဖူးလို့လေ
  ဘာဖြစ်လို့လဲ ရိုစီ

လရောင် စကားကြောင့် အရိပ်နှုတ်ခမ်းကိုက်ကာ အချက်ပြနေသည် သူမ သဝန်တိုကြောင်းပေါ့

~လရောင်မန္တလေးရောက်နေတာလား

~ဟုတ်တယ်

~လရောင်သွားတာ လာတာ သတိထားနော်
  လရောင်တို့ကိုစိတ်မချလို့ ဖုန်းဆက်လိုက်တာ
  ရိုစီ အခု မန္တလေးကိုလိုက်လာနေတယ်

လရောင် ရိုစီဘာတွေပြောနေတယ်ဆိုတာ နားမလည်တော့

~ဘာကိုပြောတာလဲ ရိုစီ

~လရောင်တို့ကိုတစ်ယောက်ယောက်က အကောက်ကြံ
နိုင်တယ် ရိုစီပြောတာ သဘောပေါက်လား
ရိုစီ လရောင်ကိုချစ်တယ် ရိုစီချစ်တဲ့သူကိုပိုင်ဆိုင်ချင်ပေမဲ့ မတရားနည်းနဲ့တော့ရိုစီမလုပ်ဘူး ပြီးတော့
အခြားသူတစ်ယောက်က လရောင်ကိုဒုက္ခပေးမှာ အဖြစ်
မခံနိုင်ဘူး

လရောင် သဘောပေါက်သည် လရောင်တို့ကိုဖုန်းဆက်တဲ့သူကလည်း ဆုံးသွားတာကြာနေပြီမို့ ထူးဆန်းမှုတွေ ပိုများလာသည်ကိုသတိထားမိသည်

~အဲ့တာဆို အခုရိုစီလာနေတာပေါ့
  အင်းပါ ရောက်တော့တွေ့မယ်နော် ကားလည်းသေချာ
  မောင်းခဲ့ဦး

ဖုန်းချသွားပေမဲ့ လရောင်တွေဝေငေးနေဆဲ

"အရမ်းဖြစ်နေတာလား "
အရိပ်ရဲ့အသံကြောင့် လရောင်အသိဝင်လာသည်

လရောင် အလင်းWhere stories live. Discover now