အပိုင်း ၃၀

726 27 3
                                    

လရောင်အရင်လိုဆေးရုံကြီးမှာ မထိုင်ဖြစ်ပေမဲ့
အထူးကုဆေးခန်းတွေမှာ အချိန်ပိုင်းပြန်ထိုင်ဖြစ်သည်
သားလေးရှေ့ရေးအတွက်လဲ ငွေရှာမယ်မဟုတ်လား

လရောင် ဆေးခန်းသွားတဲ့အခါ သားကိုခေါ်သွားဖို့အဆင်မပြေတာကြောင့် ဆောင်းကိုပဲအပူကပ်ရသည် သားကိုချစ်တဲ့ဆောင်းကပဲ ထိန်းပေးတတ်သည်
အခုတော့ ဆောင်းက ခရီးသွားနေတာမို့ ဆေးခန်းကိုခေါ်သွားနေရသည်

~တင်းတောင်
လူခေါ် bell အသံကြောင့် လရောင်သားလေးကို
သူ့ခုံလေးမှာ ခနချထားခဲ့ပြီး တံခါးသွားဖွင့်ပေးသည်

"လရောင် "

"အရိပ် လာလေ "

အရိပ်အိမ်ထဲရောက်လာတော့

"အထုတ်တွေနဲ့ ဘယ်သွားမလို့လဲ"

"မသွားဘူးအရိပ် လရောင်တို့က ပြန်လာတာ"

"ဘယ်ကိုသွားပြီးပြန်လာကြတာလဲ"

"ဆေးခန်းလေ"

"တစ်ယောက်ထဲမပင်ပန်းဘူးလားလရောင်ရယ်
သားလေးရဲ့ကအခုဘယ်မှာလဲ
ဒီလောက်ချစ်ဖို့ကောင်းတဲ့သားလေး ရှိတာကို ဘာလို့အတူမနေတာလဲ"

"သားလေးရဲ့ မေမေပါ
သူကစီးပွားရေးလုပ်ငန်းတွေနဲ့ဆိုတော့"

လရောင်စိတ်ထဲရှိရတွေလျောက်ပြောဖြစ်နေသည်
ဘာလို့လဲဆိုတော့ အရိပ်ကိုပြန်လက်ခံဖို့ကြောက်နေသေးသည်

အရိပ်ကတော့ ငိုချင်ရက်လက်တို့လိုက်သလိုပင်
ဖြစ်သွားသည် အသံအဝဲလေးနဲ့တန်ပြန်မေးခွန်းထုတ်ပြန်သည်

"သူက ဘယ်သူလဲဟင်
အရိပ်ရဲ့နေရာမှာ အစားထိုးလိုက်တဲ့သူက ဘယ်သူလဲ"

လရောင် ဖြေရခက်နေတာကြောင့်
မဖြေပဲတိတ်ဆိတ်နေခဲ့သည်

အရိပ် ဆက်မေးချင်ပေမဲ့ မမေးရဲတော့
အရိပ်မလိုချင်တဲ့နားမထောင်ချင်တဲ့အဖြေဖြစ်ဖို့က ရာနှုန်းများသည်
ဒီတိုင်းသာ ဆက်မမေးပဲမသိချင်ယောင်ဆောင်လိုက်ရသည်

"ဖြေရခက်တဲ့မေးခွန်းထင်တယ် အဆင်မပြေရင်လဲမဖြေပါနဲ့နော်
လရောင် လုပ်စရာရှိတာလုပ်လေ အရိပ် သားကိုထိန်းပေးထားမယ်"

လရောင် အလင်းWhere stories live. Discover now