အပိုင်း ၁၁

746 30 0
                                    

"ချစ်ရေ အဆင်သင့်မဖြစ်သေးဘူးလား
တော်ကြာ လင်းတို့ကိုစောင့်နေရဦးမယ်"

လရောင်တို့ ဧရာဝတီတိုင်းဘက်က မြို့နဲ့ဝေးတဲ့ရွာ
လေးတွေကို သွားရောက်ဆေးကုသပေးဖို့ ပြင်ဆင်နေ
ကြခြင်းသာ

"လာပါပြီလင်းရယ် ချစ်စာရင်းစာအုပ်တွေစစ်နေတာပါ"

"ok မြန်မြန်လုပ်နော်"

ခနကြာတော့ စာအုပ်အိတ်ကြီးမကာ အရိပ်ထွက်လာ
သည်
ဂျင်းဘောင်းဘီ အပြာနုလေးကို ရှပ်အဖြူလေးနဲ့
လိုက်ဖက်အောင်ဝတ်ထားတဲ့ လရောင်အသည်းနင့်
အောင်ချစ်ရပါတဲ့ နွေအရိပ်
လရောင်အတွက်တော့ တကယ့် နွေပူပူမှာဝင်ခိုခွင့်ရ
တဲ့ အရိပ်ကလေးလို အေးချမ်းလှသည်

"ဟာ အလေးကြီးသယ်လာရတာကို မပြောဘူး
ပေး ပေး လင်းသယ်ပေးမယ်"

"ဟီးး ချစ်နိုင်တော့ဘူး ကူဦး"

"စောစောမပြောဘူး လင်းရဲ့ချစ်ကလေးရယ်
လာ သွားကြမယ်"

လင်းရဲ့ချစ်ကလေးလို့ ပြောင်းခေါ်လိုက်တာကြောင့်
အရိပ်ရင်ခုန်နေမိသည်မှာအမှန်ပင် လရောင်နဲ့ပတ်သတ်ရင် အမြဲရင်ခုန်ရစမြဲလေ

လရောင်တို့ရောက်သွားတော့ အတော်ပါပဲ
ဆေးရုံကားအဖွဲ့နဲ့ဒေါက်တာအဖွဲ့တို့ လရောင်တို့ကို
မစောင့်လိုက်ရပဲ အသင့်ဖြစ်နေကြသည်

"ယူတို့ နှစ်ယောက်အမြဲနောက်ဆုံးပဲနော်"

ရန်တွေ့နေတဲ့ဆွေးကို လရောင်ကပြန်ချေပရင်း

"ဆွေး နင်လဲနောက်ကျချင်ရင် FA ဘဝက
ကျွတ်အောင်လုပ်လိုက်ပေါ့"

ပြောရင်း မေးငေါ့ကာ နန်းဘက်ကိုထိုးပြလိုက်တော့
"ဟင်း ဟင်းး လရောင်လင်းနော်"

"အော တကယ်ပြောနေတာ ဆွေးရ
ဟိုက သနားပါတယ်ကွာ စာနာထောက်ထားပြီး
အကြင်နာတွေပေးသနားလိုက်ပါကွာ"

လရောင် ပြောနေတုန်းမှာပဲ နန်းက ဆွေးနားရောက်
သွားပြီး

"ဆွေး မနက်စာစားပြီးပြီလား
ဆွေးအတွက်မုန့်ပါလာတယ် ဆွေးအကြိုက်
sandwish လေ"

"ဟုတ် စားမယ်လေ ဆွေးမနက်က ကော်ဖီပဲသောက်
လာတာ ဗိုက်ဆာနေပြီ ဒီနှစ်ယောက်ကလဲ အဖော်မရ
ခုမှရောက်လာကြတာလေ"

လရောင် အလင်းWhere stories live. Discover now