1.

5.4K 229 7
                                    

"အချစ်ရဲ့ လှရက်လွန်းတဲ့ ဆွဲဆောင်မှုတွေကြားမှာ
မလွန်ဆန်နိုင်တော့တဲ့ ကိုယ်ဟာ ရမ္မက်နွံမှာ ကျွံဝင်တယ်
အချစ်ရဲ့ ပါးလွှလွှ အင်္ကျီလေးကို လှန်တင်ပြီးတဲ့အခါ....
.

.

နို့သီး​​လေးကို..ဆွဲငုံ ~~

No No No..

နို့နို့စို့ ~~

ဟမ်.. ကလေးမှမဟုတ်တာ

ပန်းရောင်ချယ်ရီသီးလေးကို ကိုက်ဆွဲ ~~

အားးး!!! ခေါင်းကိုက်လာပြီ ."

"တကယ်ပဲ ဘယ်လို readerတေလဲပဲ..  18 + ကိုမှ
လာဖတ်ချင်နေကြတယ်..  မရေးတတ်ပါဘူးဆို. ဟမ်းးး"

_bl ဝတ္ထုတွေကို ဖန်တီးရေးသားတဲ့ စာရေးဆရာ ဝမ်ရိပေါ်
သူ့ရဲ့ ချစ်လှစွာသော reader လေးတွေက plus တွေကို
ဖတ်ချင်ကြောင်း တောင်းဆိုတဲ့ အခါမှာတော့ အခုလိုရေးဖို့
ကြိုးစားကြည့်တော့တာပဲ.. ဝတ္ထုရေးတာ ဆယ်ပုဒ်လောက်ရှိပြီ
ဆိုပေမဲ့ တခါမှ အဲ့လိုအခန်းမျိုးကို ထည့်မရေးဖူးဘူး.
ပေါကားတွေထဲကလို မီးပျက်သွားတာတို့ ပန်းအိုးကွဲသွားတာမျိုးတို့နဲ့ ကြော်ချလိုက်တာပဲ.. ဒါပေမဲ့လဲ
သူ့ရဲ့ ဝတ္ထုတွေက နာမည်ကြီးတုံးပဲ.. သူက အဲ့လို plus
အခန်းပဲ မရေးတတ်တာပါ ကျန်တဲ့ ဇာတ်သွားဇာတ်လာတွေက
​အပြစ်ပြောစရာမှမရှိပဲ.. အဟဲဟဲ နောက်လထဲမှာတောင်
စာအုပ်ထုတ်ဖို့ရှိသေးတယ်..  အခုတော့ အဲ့အခန်းစဥ်းစားရတာနဲ့ ပေါက်ကရတွေပဲ ထွက်လာတဲ့ ဦးနောက်လေးကို အနားပေးဖို့ အောက်ထက်က စားသောက်ခန်းဆီ ဦးတည်လိုက်တော့တယ်...
.
.
.

ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံးကို ကိုက်လိုက်တယ်
ရေမဆေးဘူးလား? မမေးနဲ့
မားက ရေဆေးပြီးမှ ရေခဲသေတ္တာထဲထည့်တာ.
ပြီးတော့ သေချာခွဲစိတ်ပြီးစားရတာစိတ်မရှည်ဘူး ဒီလိုအလုံးလိုက် ကိုက်စားတာက ပိုအရသာရှိတယ်..

"သား. အားပေါ်.  ပန်းသီးကို ခွဲပြီးမှမစားပြန်ဘူး
ရေရောဆေးလိုက်ရဲ့လားမားက ရေမဆေးထားရသေးဘူး"
_ဟမ်! !!
"ဆေး..ဆေးပါတယ် မားရဲ့ "
"လာထိုင်အုံး အားပေါ် မားပြောစရာရှိတယ်"
"ဟုတ်"
"ငါ့သားလေးက စာတေပဲရေးနေတာ မညီးငွေ့ဘူလား သားရယ်"
_မားက ရိပေါ်ရဲ့ မျက်နှာလေးကို အုပ်ကိုင်ပြီး ပြောလာတယ်
"မညီးငွေ့ပါဘူး မားရာ"
"အဲ့လိုတော့လဲ ဘယ်ဟုတ်မလဲ သားရဲ့ ဘဝလက်တွဲဖော်တော့
ရှိရမယ်မလား"
"သားရေးနေတဲ့စာတွေက သားရဲ့လက်တွဲဖော်ပေါ့"
"ဒီကောင်လေးကတော့... မားသားအတွက် အိမ်ထောင်ဖက်ရှာပေးထားတယ် သွားတွေ့ကြည့်အုံး"
"ဟာ..လာပြန်ပြီးလား မားရာ.. သားမှ အိမ်ထောင်မပြုချင်သေးတာကိုးလို့"
"အိမ်ထောင်က ချက်ချင်းပြုစရာမလိုပါဘူး .. စေ့စပ်ထားလဲ ဖြစ်တာပဲလေ အေးဆေးဖြစ်မှ ~"
"မားရာ! တွေ့တောင်မတွေ့ရသေးဘူး စေ့တောင်စေ့စပ်ခိုင်းနေပြီ.. တကယ်ပါပဲ. "
"အားပေါ်!!"
_မားရဲ့ အသံက နဲနဲမားလာပြီမို့ ကိုယ့်ကို ရို့လိုက်မိတယ်
"သွားတွေ့ပါ့မယ် မားရယ် သွားတွေပါ့မယ် "

Love On You 💚 {Completed}Where stories live. Discover now