8.

1.4K 142 0
                                    

ရိပေါ် ​. ​ရှောင်းကျန့်အခန်းရှေ့မှာ ရပ်နေတာ ဆယ့်ငါးမိနစ်လောက်ရှိနေပြီ ။
တံခါးခေါက်ဖို့ကို တွန့်ဆုတ်နေမိတာ
သူ့အပြစ်မကင်းဘူးလို့  ခံစားရလို့။
''​ဒေါက် ဒေါက် ''
''​ရှောင်းကျန့် ကျွန်တော်ဝင်လာမယ်နော် ''
_အခန်းထဲဝင်တော့ ကုတင်ပေါ်မှာ စောင်ခြုံပြီး ကွေးနေတဲ့ အနှီလူသား
''ဟို..ဟို ​ရှောင်းကျန့်ရားး ''
''. .....''
'' ညစာ စားရအောင်လေ ~ ခင်ဗျားတနေ့လုံး အခန်းထဲမှာပဲ နေနေတာ ''
''. .....''
'' ​ရှောင်းကျန့် ထဗျာ .. ထလို့ ''
_ပြောလဲ ပြော စောင်တွေ ဆွဲဖယ် လူကိုပါ
အတင်းဆွဲထူနေတဲ့ ရိပေါ်က စိတ်မရှည်တော့ဘူး ဖြစ်မယ် ။

'' ဝမ်လေး ~''
_ထွက်လာတဲ့ ခပ်ဖျော့ဖျော့ အသံလေးကြောင့် ရိပေါ်မှာ ခနတာ ကြောင်အသွားရတယ်။
'' ဝမ်လေး... ကိုယ်တောင်းပန်ပါတယ် ~
ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ်ရတာ
ကိုယ့်ကြောင့် ဝမ်လေး စိတ်ပျက်နေရတာ
ကိုယ် ~~ ကိုယ် ဝမ်လေးကို မနှောင့်ယှက်တော့ပါဘူး ''
_​ရှောင်းကျန့်က ကြေကွဲစွာ ပြောပြီး
အခန်းထဲက ထွက်သွားဖို့ ပြင်တော့တယ် ။
အဲ့တော့ ဒီလူ့အခန်းထဲမှာ ရိပေါ်က တစ်ယောက်ထဲ ဘာလုပ်နေရမှာလဲ ။
ဒီရှောင်းကျန့်က ငရူးလား?သူ့ကို တစ်ယောက်ထဲထားခဲ့မှာ ။ ရိပေါ်က စိတ်ပေါက်ပေါက်နဲ့ ​နောက်ကို လှည့်ပြီး
တွေ့လိုက်ရတဲ့ ကျောပြင်ကျယ်​ကြီးကို -
.
.
.
.
.
.
.
.

'' ​ရှောင်းကျန့်ရားးးး ကျနော်ကပဲ တောင်းပန်တယ်နော်.. စိတ်မကောင်းမဖြစ်ပါနဲ့တော့ ''
''နေ့လယ်က ကျနော် ဝတ္ထုထဲမှာ စိတ်နဲနဲရှုပ်နေရလို့ ခင်ဗျားကို အော်မိသွားတာပါ ''
''ကျနော့်ကို စိတ်မဆိုးပါနဲ့နော် ''
''ကိုယ်.. ဝမ်လေးကို စိတ်မဆိုးပါဘူး
ဝမ်လေးက ကိုယ့်ကို အော်တော့
စိတ်မကောင်းဖြစ်သွားတာပါ ''
'' အင်း နောက်မအော်တော့ဘူးနော် ''
_​ခါးပေါ်ဖက်တွယ်ထားတဲ့ လက်ဖွေးဖွေးလေးတွေကို ထပ်အုပ်ကိုင်ရင်း
ပါးစပ်နားရွက် ချိတ်မတတ် အပြုံးကြီးကြီးနဲ့
​ရှောင်းကျန့် မျက်ခွက်ကြီးကို ရိပေါ်လေးကတော့ မြင်ရမယ်မထင်ပါလေ။

...........................................
ညစာထမင်းဝိုင်းက လိုတာထက်ပိုတိတ်ဆိတ်နေတယ် ။
စပ်ဖြီးဖြီးအနေအထားနဲ့ ထမင်းကို တမြုံ့မြုံ့ဝါးနေတဲ့ ​ရှောင်းကျန့်ရယ် ၊ မျက်နှာကြီးရဲပြီးခေါင်းငုံထမင်းစားနေတဲ့ ရိပေါ်ရယ် ၊လင်လင်နှစ်ယောက်ကို အကဲခတ် နေတဲ့ မီရာ ရယ် ။

Love On You 💚 {Completed}Where stories live. Discover now