3.

2.1K 201 4
                                    

တစ်ပတ်အကြာမှာတော့ Ig မှာရော တခြား social media တွေမှာပါ စာရေးစရာ ဝမ်ရိပေါ်ရဲ့ မင်္ဂလာ
သတင်းက မွှေးလို့ပေါ့.. အမျိုးသားဖြစ်တဲ့ သင်္ဘော Captain Xiao Zhan ကလဲ ဘယ်လိုခန့်ညားကြောင်း
နှစ်ဦးသား ဘယ်လိုပင် လိုက်ဖတ်ကြောင်းတွေက
မမြင်ချင်မှ အဆုံးပင်... အပိုဆုအနေနဲ့က မင်္ဂလာပွဲမှာ
နာကျင်မှုကိုသီးခံအံကြိတ်ထားဟန်နဲ့ ကွတကွတ လမ်းလျှောက်ဧည့်ခံနေရရှာတဲ့ သတို့သား ဝမ်ရိပေါ်ရဲ့
ပုံတွေ video တွေက ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေး ဖမ်းစားနိုင်သွားသည်လေ...
ရိပေါ်လေးကွနေရခြင်းရဲ့ အကြောင်းရင်းလေးကိုလဲ
သိချင်နေကြရှာမှာပေါ့လေ..
.
.
.

ဧည့်ခံပွဲကြောင့်အလုပ်ရှုပ်နေတာရော ပင်ပန်းတာရောကြောင့်
အရမ်းအိပ်ချင်နေပြီဖြစ်တယ်.. မားတို့က
နှစ်ယောက်ထဲနေဖို့ တိုက်ခန်းတခုဝယ်ပေးထားတယ်
တိုက်ခန်းဆိုပေမဲ့ အိပ်ခန်းနှစ်ခန်းနဲ့ ဧည့်ခန်း မီးဖိုခန်းကလဲအတန်ကျယ်ပါပေတယ်... မားတို့အသင့် ရှင်းလင်းပေးထားတဲ့အခန်းတခုထဲကို ဝင်ပြီး ကုတင်ပေါ်မှာ ဝမ်းလျားထိုးပစ်လှဲလိုက်တယ်.. အရမ်းအိပ်ချင်နေလို့ပါ ~~
​မှေးခနဲ ခနလေးအိပ်ပျော်နေတဲ့ အချိန်မှာ နံဘေးနားက
အနွေးဓာတ်ကိုခံစားမိသည်.. လူကိုလာပြီးပူးကပ်နေတာကကြောင်လား... ဘာကြီးလဲ.. အကြီးကြီးပဲ! !
မဖွင့်ချင်တဲ့မျက်လုံးကို အတင်းပြူးပြဲပြီး ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့...
"အား!!"

"​ရှောင်းကျန့်! ခင်ဗျားဘာလုပ်နေတာလဲ"
"ပေါ်လေးကို ကြည့်နေတာလေ "
". ..."
_ရိပေါ်အိပ်နေတာကို ဘေးကနေ လက်ထောက်ပြီး ပြုံးပြုံးကြီးကြည့်နေတဲ့လူကို ရိပေါ်တော်တော်လေး သောက်မြင်ကပ်နေပြီနော်... ဧည့်ခံပွဲမှာတုံးကလဲ ရိပေါ်မျက်နှာကိုပဲ လိုက်ကြည့်နေလို့ ဧည့်သည်တွေက
ဝိုင်းစကြတဲ့ အထိပဲ.. ရိပေါ်မှာတော့ ရှက်လွန်းလို့....

"ထွက်! "
"ဟမ်!? "
"အခန်းထဲကထွက်လို့ "
"ဘာလို့လဲ.. ကိုယ်တို့အတူအိပ် ~."
"တိတ်စမ်း! ဘာကိုအတူအိပ်လဲ. ဟိုဘက်ခန်းမှာ သွားအိပ်"
"အာ ..ပေါ်လေးကလဲ ကိုယ်တို့က အကြင်လင်မယားဇနီးမောင်နှံ ချစ်ဦးကြင်စလင်လင်တွေလေ
အဲ့တော့ ဒီညမှာ ချစ်ကြည်နူး တစ်တစ်တူး ~ တူး ~"
"​ရှောင်းကျန့်!!! .. "
_အသားကုန်အော်လာတဲ့ ရိပေါ်ကြောင့် ပြောလက်စ စကားလေးတွေရပ်တန့်ကုန်ရသည်.. ဘာမှလဲ မလုပ်ရသေးပဲဲနဲ့အချစ်က အော်ချင်နေပြီ.. ဟိဟိ
တယောက်ထဲ ​မှောင်မိုက်နေတဲ့ ​ရှောင်းကျန့်ပါ
"ခင်ဗျား ဟိုဘက်အခန်းမှာ သွားမအိပ်ရင် ကျနော် မားတို့အိမ်ကိုပြန်မယ်.. ခင်ဗျားတစ်ယောက်ထဲကျန်နေခဲ့"
"အယ်.. အဲ့ ..အဲ့လိုမလုပ်ပါနဲ့ ကိုယ် ဟိုဘက်အခန်းမှာပဲ
သွားအိပ်လိုက်ပါ့မယ် "
"ပြီးတာပဲ "

Love On You 💚 {Completed}Where stories live. Discover now