4.

2K 192 4
                                    

"ပေါ်လေးရေ ထတော့လေ..  မနက်စာစားရအောင် "
"ပေါ်လေး! "
"အင်းးးး ငါးမိနစ် "
"ထတော့နော်..  မထရင် ကိုယ်ဝင်လာရမလား"
". ....."
"ကိုယ်ဝင်လာပြီနော် "
"ထပြီ! ! မလာနဲ့..  ထပြီလို့! !"
_​ရှောင်းကျန့်ဝင်လာမည်ဆိုတာကြောင့် အသဲအသန်ကုန်းထရသည်..  မထလို့လဲမဖြစ် သူသာဝင်လာခဲ့ရင် ညအိပ်ရင် ဘောင်းဘီချွတ်အိပ်တတ်
တဲ့ငယ်ငယ်လေးထဲကအကျင့် ကြောင့်  ရိပေါ်ရဲ့ ရှက်ရှက်လေးတွေတွေ့သွားမှာပေါ့!. ..

.
.

"လာ ပေါ်လေး "
"ကိုယ်အဆင့်သင့်ပြင်ထားပြီးပြီ.. တို့ဟူးနွေးလေ ပေါ်လေး ကြိုက်တယ်မလား"
"အင်း "
"အာ့ဆို ကိုယ့်ကိုဆုပေး "
"ဟမ်! "
_ဆုပေးဆိုပြီး ပါးကြီးအတင်းထိုးပေးလာတဲ့လူ
"ကိုယ် ပေါ်လေး အကြိုက်တွေပြင်ထားနိုင်တော့ ကိုယ်တော်တယ်မလား... အာ့ကြောင့်ဆုပေးလေ! "
"ပေးလေ.. အာဘွား လို့  ဟီး"
"ဆုတောင်းလေ အရူး !"
_မျက်စောင်းတချက်ထိုးပြီး စူပွပွပြောလာတဲ့ ကောင်လေးက
​ရှောင်းကျန့်ရဲ့အသဲတုံးလေး..  ​ရှောင်းကျန့်က ဘဝတစ်လျှောက်လုံးမှာ မြင်မြင်ချင်းအချစ်ဆိုတာကို
မယုံကြည်ခဲ့ဘူး. ရိပေါ်လေးကိုမတွေ့ခင်အထိပေါ့
တကယ်ပါ ရိပေါ်ရဲ့မျက်နှာဖွေးဖွေးလေးကို မြင်လိုက်ရချိန်မှာ
ရင်ဘတ်ထဲက နှလုံးသားက စည်းချက်မညီမညာနဲ့ကို
လှုပ်ခတ်သွားတော့တာ..  နှလုံးသားကခုန်တဲ့စည်းချက်တွေကို
ပေါင်းစည်းမိလိုက်တော့ အချစ်ဆိုတဲ့အရာလေး ဖြစ်ပေါ်လာတော့တာပဲ...  သူ ရိပေါ်ကို သိပ်ချစ်ရပါတယ်

.
.
.
.......................................................

တင်းတောင်. တင်းတောင်!
ရိပေါ် ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေရင်း bell က မြည်လာတယ်..

"ဟာ!ကျဲ.. မား."
"ရိပေါ်"
"ကျဲ လာ..  "

"ဘယ်တုံးက ပြန်ရောက်တာလဲ ကျဲရာ ကျနော့်ကိုလဲ မပြောဘူး"
"မင်းကို suprise ဖြစ်သွားအောင်လို့လေ"
"ဟုတ်ပါပြီဗျာ "
"ဟဲ့ သား အားကျန့်ရော "
"ရှိတယ် နောက်ဖေး ~"
"ဟာ ဝမ်မား ရောက်နေတာလား ကျဲရော"
"ဟုတ်တယ် အားကျန့်..  သမီးကြီးက မင်းတို့ မင်္ဂလာပွဲ
ပြီးထဲက တန်းပြန်သွားရတာ ဆိုတော့ မင်းတို့နဲ့ စကားအေးဆေး မပြောရသေးဘူးလေ..  အာ့ကြောင့်သူပြန်လာတုန်း လာလည်ကြတာ "
"အားကျန့် ရိပေါ်က မင်းကို အရမ်းခိုင်းစားသေးလား"
"ကျဲ! "
"မ.မခိုင်းစားပါဘူးကျဲရဲ့..  နေအုံးကျနော် အအေးယူပေးအုံးမယ် "
"အေးအေး.. အားကျန့်ရယ် ဧည့်သည်လာတိုင်း မင်းပဲ ဒီလို
ဧည့်ဝတ်ကျေနေတာလား.. ဒိကလေးက ဘာမှမလုပ်ပေးဖူးလား"
"အာ ~~ မဟုတ်ပါဘူး မားရဲ့ ပေါ်လေးက သူ့ဧည့်သည်တွေနဲ့
စာအုပ်ထုတ်မဲ့ ကိစ္စတွေပြောနေရတော့ အရှိန်ပျက်မှာစိုးလို့ ကျနော်ပဲ လုပ်ပေးတာပါ. ဟီး"..
"ဟင်း.. မားရေ မားသားက လူလည်ကျတဲ့ရုပ်နဲ့ အေးဆေးနေနေတာပဲဖြစ်မယ် "
"မဟုတ်ပါဘူး ကျဲကလဲ"
"သား ရိပေါ် မင်းက အိမ်ထောင်သည် ဖြစ်နေ ~"
"အာ...မေ့နေတာကြည့်စမ်း..  သားရဲ့ ချစ်လှစွာသော
ဇာတ်ကောင်လေးတွေက သူတို့ဆီလာဖို့ခေါ်နေပြီပဲ
မားတို့စကားပြောချင်ရင် သူကြီးသားနဲ့သာ
ပြောကြတော့.. ဘိုင့်ဘိုင်"
"ဟယ်. "
"ဒီကောင်လေး."

Love On You 💚 {Completed}Where stories live. Discover now