10. Final

2.3K 148 2
                                    

"​ရှောင်း! "
"ရှောင်း !"
_နောက်ပါးစီက ခေါ်သံကြောင့် ရှောင်းကျန့်
လှည့်ကြည့်မိတဲ့ အခိုက်...
သူရှိရာကို ပြေးလာနေတဲ့ ရိပေါ်. ဝတ်ထားတဲ့ အပေါ်ထပ်အပါးလေးက လေထဲမှာ တလွင့်လွင့်..။ထိုအခိုက်အတန့်လေးခနမှာ
ရှောင်းကျန့်နားထဲ Goblin series ရဲ့ost ဖြစ်တဲ့ Stay သီချင်းတောင် ကြားယောင်သွားတယ်။ သူ့ဆီပြေးလာနေတဲ့
ပုံရိပ်လေးက မှတ်တမ်းတင်စရာကောင်းလောက်အောင် လှပနေခဲ့တာ။
"ရိပေါ်! "
_အနားရောက်လာပြီး ပါးစပ်ကလေးဟကာ
အမောဖြေနေတဲ့ သူလေးကို ပုခုံးက ကိုင်ပြီး
ခေါ်မိတယ်။
"တွေ့လား တွေ့လား ဝမ်လေး လို့တောင် မခေါ်တော့ဘူး ရိပေါ်တဲ့! ​ရှောင်းကျန့် လူဆိုးကောင်ကြီး ''
"မဟုတ်...မဟုတ်ပါဘူး ဝမ်လေးရယ်
ကိုယ်ရုတ်တရက် အံသြနေလို့ပါ"
"အင့်... ဟင့် ခင်ဗျား.. ခင်ဗျားက
ကျွန်တော့်ကို ထားခဲ့တော့မလို့လား
ကျွန်တော့်ကိုပြောတော့ ချစ်တယ်ဆို ဟင့် !
ခုတော့ထားခဲ့တော့မှာမလား ဟင့် မကောင်းတဲ့လူ ~"
_ရိပေါ်က ပြောရင်းပြောရင်းနဲ့ တရှုံ့ရှုံငိုလာတယ်။ရှောင်းကျန့်ကလဲ ကြောင်အစွ ကြည့်နေမိတယ်။
'ရိပေါ်လေးက ဒီလိုလဲငိုတတ်သည်လားပေါ့'
မကြာမီထွက်ခွာတော့မဲ့ သင်္ဘောကြီးကို
ဂရုမစိုက်စွာနဲ့ သင်္ဘောသားကြီး Captainရှောင်းက သူ့ယောကျ်ားလေး လက်ကိုဆွဲလို့ တနေရာကို ပြေးထွက်ခဲ့တယ်။ နောက်က လှမ်းခေါ်နေတဲ့ သူတွေကိုလဲ လျစ်လျူရှုရင်း....

...........................................

"ခင်ဗျား ဘာအလုပ်မှ မလုပ်တော့ဘူးလား
ဟမ် "
"ကိုယ် ခု အလုပ်လုပ်နေတာလေ "
_နှစ်ယောက်ခန်း ပြန်ပေါင်းထားပြီ ဖြစ်တဲ့
king size bed ပေါ်မှာ နားထင်ကို လက်ထောက်ပြီး တစ်​​ေစာင်းလှဲနေတဲ့
သူကများ အလုပ်လုပ်လုပ်နေတာတဲ့..။
"ဟမ်! ဘယ်မှာလဲ.. ဘာအလုပ်တုံး"
_ရိပေါ်က ရွဲ့တဲ့တဲ့ ပြန်မေးတဲ့ အခါမှာ
"ကိုယ်က ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ဖြစ်တဲ့  ဝမ်လေးကို ယင်ကောင်တစ်ကောင်တောင် အနားမှမဝဲရအောင် တစိမ့်စိမ့်ကြည့်ပြီး သက်တော်စောင့်အလုပ်လုပ်နေတာလေကွာ..  "
"ရှောင်း ကလဲ "
_အဲ့လိုပါပဲ အဲ့လင်လင်နှစ်ယောက်က အဲ့လိုပါပဲ. ။သင်္ဘောလိုက်တာကို ချက်ချင်းအနားယူပစ်လိုက်တဲ့ ရှောင်းကျန့်နဲ့ စာရေးဆရာလေးက အခုမှ ချစ်ကြည်နူးတစ်တီတူးကြရတာမလား။အဲ့တော့
ကြင်စမောင်နှံလို ချစ်စကားတွေပြောရင်
ရိပေါ်က ရှက်နေရတုံး.။ရှက်ရင်လဲ
"​ရှောင်းကလဲ "ဆိုပြီး ပြန်ပြောတတ်တုံး"

Love On You 💚 {Completed}Où les histoires vivent. Découvrez maintenant