အပိုင်း - ၃

850 149 1
                                    

စုပိုင်သည် မအိပ်မနားဘဲ သုံးရက်လုံးလုံး ပြေးလွှားနေခဲ့ရ၏။

သုံးရက်ကြာပြီးနောက် စုစန်း၏ခန္ဓာကိုယ်အား ကမီလီယာပန်းများ ဖူးပွင့်နေသော နေရာတစ်ခု၌ မြှုပ်နှံပြီးနောက် သူမလည်း တောင်ပိုင်းကျောက်ပြည်သို့ ပြန်သွားပြီး ကူအဆိပ်သခင်၏ စံအိမ်ထဲသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ခဲ့သည်။

သူမဝင်လာရုံရှိသေး ထိုနေရာ၌ စောင့်ကြည့်နေသော အားလိုင်ကို တွေ့လိုက်ရသည်။

အားလိုင်က သူမအား ထုံးစံအတိုင်း ပြုံးပြလျက်ရှိသည်။ သူမသည် ပန်းထိုးဝတ်ရုံအား လှပစွာ ဝတ်ဆင်ထားပြီး သူမသိမ်မွေ့စွာ လှုပ်ရှားလိုက်တိုင်း တချွင်ချွင်မြည်နေသည့် အဖိုးတန်လက်ဝတ်ရတနာများကို ဆင်ယင်ထားသည်။ သူမလက်ခုပ်တီးလိုက်ပြီးနောက် အံ့အားသင့်စွာပြောလာသည်။

"အယ် စုပိုင် နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့?"

ထုတ်ဖော်မပြောတတ်စွာပင် စုပိုင်သည် သူမအား စိုက်ကြည့်နေပြီး သူမမျက်လုံးများမှာ သိမ်းငှက်မျက်လုံးများကဲ့သို့ စူးရှနေသည်။ သို့သော် သူမတစ်စုံတစ်ရာအား အတင်းအကျပ် ဖိနှိပ်နေသကဲ့သို့ သူမလက်များ တုန်လှုပ်နေသည်ကို ကျွန်ုပ်မြင်နေရသည်။ သူမအားလိုင်အား ဖြည်းဖြည်းချင်း မေးလိုက်၏။

"ဘာလို့လဲ?"

"ဘာကို ဘာလို့လဲတုန်း?"

အားလိုင်၏မျက်နှာသည် အပြစ်ကင်းစင်သည့် ရုပ်လွှာဖြစ်နေသည်။

စုပိုင်ဆက်ပြောလေသည်။

"ငါက တောင်ပိုင်းကျောက်ပြည်ကို ဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ဘူး။ ဒါကို နင်သိတယ်လေ"

"ငါမသိဘူး"

အားလိုင်၏အမူအရာသည် ရုတ်ခြည်းအေးစက်သွားသည်။ ပြင်းထန်သော လှောင်ပြောင်မှုဖြင့် သူမဆိုလေ၏။

"ငါနင့်ကို ဘယ်တုန်းကမှ မယုံခဲ့ဘူး။ နင်တို့ဟန်လူမျိုးတွေက ဉာဏ်နီဉာဏ်နက်များပြီ ကလိန်ကကျစ်လုပ်တတ်ကြတယ်။ အထူးသဖြင့် နင်ပဲ၊ နှစ်တစ်ရာအတွင်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ မဟာယွဲ့ပြည်အတွက် သစ္စာဖောက်တစ်ယောက်ကို မွေးထုတ်ပေးလိုက်တဲ့ စုမိသားစုရဲ့ မျိုးဆက်စုပိုင်။ ငါတစ်ယောက်တည်းတင်မကဘူး၊ တောင်ပိုင်းကျောက်ပြည်က ဘယ်သူမှ နင့်ကို ယုံမှာမဟုတ်ဘူး။ အရှင်ယွဲ့ချီဆိုရင်တောင် အတူတူပဲ"

ကူတစ်သောင်းရဲ့ အလင်္ကာOnde histórias criam vida. Descubra agora