ဇာတ်လမ်းအကျဉ်းချုပ်

3.8K 214 1
                                    

ကူအကောင်တစ်သောင်းဖြင့်ပြည့်နေသော ကန်အတွင်းသို့ သူမ,မခုန်ချမီ အားလိုင်က သူမကို မေးလာခဲ့သည်။

"သူနဲ့တွေ့ဆုံခဲ့ရတာကို နောင်တရလား"

စုပိုင်က သူမကို ငြိမ်သက်စွာ ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် သူမ၏နှုတ်ခမ်းသည် တွန့်ကွေးကာ အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

"သူနဲ့တွေ့ဆုံခွင့်ရတာ ငါ့ဘဝရဲ့အကြီးမြတ်ဆုံးဆုလာဘ်ပဲ"

ထို့နောက် သူမခုန်လွှားပြီး ခြေလှမ်းလှမ်းလိုက်သည်။

သူမ၏အချစ်သည် ဘယ်လောက်ပင် ခက်ခဲနေပါစေ သူမဘယ်လိုပင် မုန်းတီးပြီးစိတ်ပျက်နေပါစေ ကိစ္စမရှိပေ၊ သည်ဘဝတွင် သူမအလွန်ကံကောင်းနေပြီဟု တွေးနေမိ၏။

အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်ကို သူမနက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးသည်လေ။

ထိုသူက သူမအား ဘယ်တုန်းကမှ မချစ်ခဲ့သော်လည်း...။

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now