Introduction

80.1K 3.6K 253
                                    

Author : Lu Wei Mu

English Translator : Arie.Shima

Length : 71 Chapters + 4 Epilogue

For English Translation : https://www.wattpad.com/story/258988004

📎Thank you so much @Arie for your permission.

Zawgyi

ယွီဖေးဟာ ဝတ္ထုတစ်ခုထဲကို ကူးပြောင်းခံလိုက်ရပြီး စာအုပ်ထဲက အဓိကဇာတ်လိုက်ရဲ့ အမျိုးသားပါတနာ betaဇာတ်ကောင် ဖြစ်လာခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့alphaရည်းစားကောင်လေးက pheromoneတွေကြောင့် ဒုက္ခရောက်နေတဲ့ omegaတစ်ယောက်ကို အမှတ်အသားပေးလိုက်ရတယ်။

ဇာတ်ကြောင်းအရဆိုရင် ယွီဖေးက သူ့ရည်းစားရဲ့ အမှတ်အသားပေးခံလိုက်ရတဲ့ omegaကို သူတတ်နိုင်သမျှ ဒုက္ခလိုက်ပေးရမှာဖြစ်တယ်။ ပြီးနောက်မှာတော့ သူကသာလျှင် အဓိကဇာတ်လိုက်alphaနဲ့ ထိုက်တန်တဲ့ရည်းစားကောင်လေးဖြစ်ပြီး သူတို့က အချင်းချင်းpheromoneတွေနဲ့ ထိန်းချုပ်ထားစရာမလိုဘဲ အချစ်စစ်အချစ်မှန်နဲ့ ချစ်သွားကြလိမ့်မယ်လို့ထင်ခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဝတ္ထုထဲကို ကူးပြောင်းလာတဲ့ ယွီဖေးကတော့ ညီးတွားနေခဲ့တယ် : ငါ သူတို့နှစ်ယောက်ကို မျက်လုံးလေးနဲ့ တစ်ချက်တောင် ဝင့်မကြည့်ချင်ဘူး

ချမ်းသာတဲ့မိသားစုတစ်ခုက betaတစ်ယောက်ကို ဦးစားပေးရွေးချယ်နေတဲ့အတွက် ယွီဖေးရဲ့မိသားစုက ယွီဖေးကို ချမ်းသာတဲ့မိသားစုနဲ့ လက်ဆက်စေချင်နေကြတယ်။ မူလဇာတ်ကြောင်းမှာ ယွီဖေးက ဒီလက်ထပ်ပွဲကနေလွတ်အောင် အမျိုးစုံကြံစည်လိမ့်မယ်။ အခုချိန်မှာတော့ ယွီဖေးက အောင်သွယ်တော်ရဲ့ ချမ်းသာတဲ့မိသားစုအကြောင်း မိတ်ဆက်တာကို နားထောင်ပြီးနောက် : ဟုတ်ကဲ့ ကျွန်တော်လက်ထပ်ပါ့မယ်

ကြီးမားတဲ့ပစ်မှတ် ကုဝေ : ကိုယ်က စမတ်ကျပြီးတော့ လိမ္မာပါးနပ်တဲ့လူမျိုးကို သဘောကျတယ်

ယွီဖေးရဲ့တကယ့်အတွေးတွေကတော့ : ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်လိုက်ရင် ငွေရေးကြေးရေးအတွက် စိုးရိမ်စရာမလိုဘူး ဘဝတစ်လျှောက်လုံးမှာလည်း ခမ်းခမ်းနားနားထည်ထည်ဝါဝါ နေရဦးမယ် ဘာလို့သဘောမတူရမှာလဲ?

လက်ထပ်ပြီးတဲ့နောက်,
တစ်နေ့မှာ ယွီဖေးဟာ နံရံမှာအဖိခံလိုက်ရပြီး သူ့လည်ပင်းအနောက်ကို အကိုက်ခံလိုက်ရတယ်။ ယွီဖေးက မတည်ငြိမ်နိုင်တော့ဘူး။ တကယ်တော့သူက မူလဇာတ်ကြောင်းမှာ omegaတစ်ယောက်ဆိုတာကို ဘာလို့တစ်ယောက်မှသူ့ကို မပြောခဲ့ကြတာလဲ???!!!

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now