Chapter 21

22K 4K 245
                                    

Zawgyi

ကစားနည်းမျိုးစုံ

မူလကမ္ဘာမှာ ယွီဖေးက အကြာကြီး ခွဲခဲ့ရတဲ့ သူငယ်ချင်းနဲ့ ပွေ့ဖက်ဖူးပေမယ့် အဲ့တာက သူငယ်ချင်းအချင်းချင်း ပွေ့ဖက်တာဖြစ်ပြီး ဒီတစ်ခါက မတူဘူး။

သူကထိုလူကို မလိုအပ်ပေမယ့် ထိုလူကတော့သူ့ကို လိုအပ်နေသေးတယ်။

ရင်းနှီးနေတဲ့ ထင်းရှူးရနံ့က လေထဲမှာ တဖြည်းဖြည်း ပိုပြီးပျံ့နှံ့လာတယ်။ ပြီးတော့ သူနားနားမှာ ဝင်ထွက်နေတဲ့ အသက်ရှူသံက တဖြည်းဖြည်း လေးလံလာသလိုပဲ။

သူကိုင်မိထားတဲ့ ဖန်ခွက်ထဲက ရေနွေးနွေးလေးက အေးတောင်သွားပြီ။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အချိန်တွေကုန်သွားမှန်းတောင် သတိမထားမိခဲ့ကြဘူး။

ဟိုတစ်နေ့ညက အနံ့ရခဲ့တဲ့ ချိုချိုမွှေးမွှေး နွေဦးရာသီလေးလို ရနံ့လေးက ကုဝေရဲ့ နှာဖျားဝမှာ တရစ်ရစ်ဝဲလာနေတယ်။ ကုဝေလည်း မသိစိတ်ကြောင့် ခေါင်းငုံ့လိုက်ပြီး အနံ့လေး ထွက်နေတဲ့ နေရာကို တရှုံ့ရှုံ့နဲ့ လိုက်ရှာလိုက်တယ်။

ပူနွေးတဲ့ နှာဖျားထိပ်လေးက သူ့လည်ပင်းအနောက်က အရေပြားလေးကိုလာလာထိနေတော့ ယွီဖေးက မနေတတ်တော့ဘဲ ကိုယ်လုံးလေးက တဆတ်ဆတ်တုန်လာတယ်။

"မင်း..."

ကုဝေရဲ့စကား မဆုံးသေးခင် ဖုန်းမြည်သံ တတီတီက စာကြည့်ခန်းထဲက  တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ထွက်ပေါ်လာတယ်။ ယွီဖေးက အတွေးတွေထဲက နိုးထလာပြီး သူ့လည်ပင်းပေါ်က ယားကျိကျိ ခံစားချက်လေးက ပျောက်ကွယ်သွားတော့တယ်။
(ဒီ*ဖုန်း... :)

ကုဝေကလည်း မိန်းမောနေရာမှ ပြန်အသိဝင်လာပြီး ဖက်ထားတဲ့သူကို လွှတ်ပေးလိုက်ကာ ယွီဖေးလက်ထဲက ရေခွက်ကို လှမ်းယူလိုက်တယ်။

"မင်းဖုန်း"

ယွီဖေးက သူ့အိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး ခေါ်တဲ့သူက ဖေဖေယွီဆိုတော့ ယွီဖေး ကုဝေကို လှမ်းကြည့်မိတယ်။

နောက်ကျမှ ဖုန်းခေါ်တာဆိုတော့ သူတို့သတင်းကို တွေ့ပြီးကြပြီ ဖြစ်လိမ့်မယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now