Chapter 22

22.1K 3.9K 310
                                    

Zawgyi

ဒုတိယထပ်သို့ပြောင်းရွှေ့ခြင်း

သေချာတာပေါ့ သူတို့ရဲ့ လက်ထပ်ပွဲအတု အကြောင်းလူတွေကို ပေးသိလိုက်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ကုဝေရဲ့ ပြောစကားကို ယွီဖေးက မယုံကြည်နိုင်ဘူး။

အတင်းအဖျင်းသမားတွေက အမှန်တရားကို နှုတ်ဆိတ်နေနိုင်ကြမှာ မဟုတ်ဘူး။ သူတို့ရဲ့ အတင်းစကားတွေက သူတို့မိသားစုကြားက ဆက်ဆံရေးတွေကို ဖျက်ဆီးပစ်လိမ့်မယ်။

ကုဝေအတွက်ဆိုရင် ပိုပြီးတောင် လူတွေက သူ့ရဲ့ဂုဏ်သတင်းကို မေးခွန်းတွေ ထုတ်လာကြလိမ့်မယ်။ ဒါဆိုရင်သူက ကုမ္ပဏီကို ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်မှာ မဟုတ်တော့ဘူး။ ကုမိသားစုမှာဆို ကုဝေက ယုံကြည်အားကိုးထိုက်ပြီး ထူးချွန်ထက်မြက်တဲ့ မိသားစုဝင်တစ်ဦးပဲ။ ဒါကြောင့် ကုမိသားစုကတော့ ကုဝေရဲ့ ပါတနာက betaတစ်ယောက်ဆိုရင်တောင် သူတို့က ကုဝေရဲ့ လက်ထပ်ပွဲအကြောင်း စိုးရိမ်ကြမှာ မဟုတ်ဘူး။ ဒါ့အပြင် ကုဝေကဒီမှာ အပေါ်ယံလုပ်ငန်းတွေကိုလည်း လုပ်ပြရလိမ့်မယ်။

ထိုလူက သူ့ကိုစနောက်နေတာပဲ ဖြစ်ရမယ်။ ဒါကိုတွေးမိတော့ ယွီဖေးက နှုတ်ခမ်းစူလိုက်မိတယ်။

သူအခန်းကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က သူ့အခန်းတံခါးကို လာခေါက်တယ်။

"စာမေးပွဲပြီးတာနဲ့ မင်းကစာကြည့်ခန်းကို မသွားတော့ဘူးလား?"

တံခါးအပြင်ဘက်ကနေ ကုဝေရဲ့ အပေါက်ဆိုးဆိုး စကားသံက ယွီဖေးဆီကို ပျံ့လွင့်လာတယ်။

ယွီဖေးက တံခါးဖွင့်ပေးလိုက်ပြီး : "စာမေးပွဲပြီးလို့ အနားယူနေတာ"

ကုဝေက အပေါက်ဝမှာ မတ်တပ်ရပ်နေရင်း : "တစ်နေ့လုံး အခန်းအောင်းနေတာက မင်းရဲ့အနားယူနည်းလား?"

ယွီဖေး : "ဒီနေ့ အလုပ်မသွားဘူးလား?"

ထိုလူက သိသိသာသာကို ပျင်းနေတာကြောင့် ယွီဖေးရဲ့ ကိုယ်ပိုင်အချိန်တွေကို လာရှုပ်နေတာပဲ။

သူတို့က အချိန်အကြာကြီး ခွဲနေခဲ့ရတာကြောင့် တမင်တကာကို ဒီနေ့တစ်နေ့လုံး ကောင်လေးနဲ့ အိမ်မှာအချိန်ဖြုန်းမလို့ ဆုံးဖြတ်ထားတဲ့သူက ယွီဖေးရဲ့ အမေးစကားကိုကြားတော့ ပြန်ဖြေလိုက်တယ် : "ကိုယ်က သူဋ္ဌေးမို့လို့ နေမှာပေါ့"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now