Chapter 51

20.7K 3.9K 749
                                    

Zawgyi

ကျေနပ်စရာကောင်းတဲ့အကူအညီ

ယွီဖေးက ကုဝေထိုင်နေတဲ့ ဆိုဖာဆီကို လျှောက်သွားလိုက်ပြီး : "ဒုတိယအစ်ကိုက ကျွန်တော့်ကို အပြင်ခေါ်ပြီး စကားနည်းနည်း ပြောနေလို့ပါ"

ယွီဖေး တံခါးဝကနေ ဖြတ်ဝင်လာကတည်းက သူ့ကိုယ်ပေါ်က များပြားရှုပ်ထွေးလှတဲ့ pheromoneအနံ့တွေကို ကုဝေက အနံ့ရနေခဲ့တယ်။ ယွီဖေးရဲ့ စကားကိုကြားတော့ ကုဝေက ပိုပြီးတင်းကြပ်စွာ မျက်မှောင်ကြုပ်လိုက်ပြီး : "သူကမင်းနဲ့ တွေ့ချင်နေတာလား? မင်းတို့နှစ်ယောက် ဘယ်ကိုသွားခဲ့ကြတာလဲ?"

"Glacierဘား"
ယွီဖေးဟာ ဒီကိစ္စက သိပ်ပြီးမကြီးကျယ်ဘူးလို့ ထင်တာကြောင့် အမှန်အတိုင်းပဲ ပြန်ဖြေလိုက်တယ်။

ဒါပေမယ့် ယွီဖေးရဲ့ စကားကိုကြားတော့ ကုဝေရဲ့ အမူအရာက ချက်ချင်းကြီး အေးစက်သွားတော့တယ်။ ကုဝေက မတ်တပ်ထရပ်လာပြီး ယွီဖေးရဲ့ မေးစေ့လေးကို လှမ်းဆွဲကာ သူ့နှလုံးသားထဲက ဒေါသတွေကို ဖိနှိပ်ထားရတဲ့ လေသံနဲ့ : "အသွင်ပြောင်းလဲနေတဲ့ ကာလကြီးမှာ ဆေးသမားတွေ မျိုးစုံရှိနေတဲ့ဘားကို သွားခဲ့တယ်ပေါ့ မင်းတော်တော် သတ္တိကောင်းနေတာပဲ"

ယွီဖေးက ခဏတာ အသိမဲ့သွားပြီးနောက် ထပ်ပြောလိုက်တယ် : "ကျွန်တော် glandကို ဖုံးပြီးမှ အပြင်သွားတာပါ"

ကုဝေက ဒါကိုဂရုမစိုက်ဘူး : "ဘာကိစ္စကြောင့် ကုရှင်းကမင်းကို တွေ့ချင်ရတာလဲ? သူမင်းကို ဘာပြောလိုက်လဲ?"

"ဘာမှမပြောပါဘူး ကျွန်တော်ကလည်း သူ့လိုbetaတစ်ယောက်လို့ စဉ်းစားပြီး အချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောချင်လို့ နေမှာပါ"
ယွီဖေးက အကြည့်လွှဲပြီး ပြန်ဖြေလိုက်တယ်။

ကောင်လေးက သိသိသာသာ လိမ်နေတာကို သတိထားမိတော့ ကုဝေက ရပ်တန့်သွားပြီးနောက် ကောင်လေးကို လွှတ်ပေးလိုက်ပြီး အပေါ်ထပ်ကို တန်းတက်သွားတော့တယ် : "မင်းမပြောချင်ရင်လည်း ကိုယ်မင်းကို ဖိအားမပေးပါဘူး ဒါပေမယ့်မင်းမှာ အခြေခံ လုံခြုံရေးအသိတွေ ရှိနေသေးဖို့တော့ ကိုယ်မျှော်လင့်တယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now