Chapter 33

22.8K 3.9K 352
                                    

Zawgyi

ရေကူးသင်ခြင်း

ကုဝေကို ကြည့်ရတာ အခုတလော သူ့ပါးကိုဆွဲပြီး ဖျစ်ညစ်ရတာကို ပိုပိုပြီး သဘောကျလာနေသလိုပဲ။

ယွီဖေးက မျက်မှောင်ကြုပ်လိုက်ပြီး : "ကျွန်တော့်ပါးကို ထပ်မဆွဲနဲ့တော့"

"ဘာလို့လဲ?"
ကုဝေကသူ့ကို ကြည့်လာတယ်။

သူဘယ်လိုပြန်ဖြေရမလဲ? ယွီဖေးက သင့်တော်တဲ့ အကြောင်းပြချက်ကို မစဉ်းစားနိုင်တာကြောင့် ပြန်မဖြေခင် အချိန်ခဏကြာ တိတ်ဆိတ်သွားပြီး : "ခင်ဗျားဆွဲလိုက်လို့ ကျွန်တော့်မျက်နှာ ပုံစံပြောင်းသွားရင် ဘယ်လိုလုပ်မလဲ?"

ကုဝေက မျက်ခုံးပင့်လိုက်ပြီး ကောင်လေးရဲ့ မေးကိုဆွဲမော့ကာ သူ့ကိုကြည့်စေတယ်။ ကောင်လေးရဲ့ မျက်နှာကို အချိန်ခဏကြာ ကြည့်ပြီးတဲ့နောက်မှာ သူကအတည်ပြုလိုက်တယ် : "ပုံမပျက်သေးပါဘူး"

"..." ယွီဖေးက သူအရွဲ့ခံလိုက်ရတယ်လို့ ခံစားမိတာကြောင့် အံကြိတ်လိုက်တယ်။ ကုဝေတင် မေးတတ်တာ မဟုတ်ဘူး သူလည်းမေးတတ်တယ် : "ဘာလို့ ကျွန်တော့်ပါးကို လာလာဆွဲနေတာလဲ?"

ကုဝေက စိုက်ကြည့်လာပြီး : "အရမ်းကို ဖောင်းနေလို့ နည်းနည်းလောက် ဆွဲပေးရမယ်လေ"

"Puff"
ကားမောင်းနေရင်း ထန်းယွီက မထိန်းနိုင်တော့ဘဲ လွှတ်ခနဲ ရယ်မိသွားတယ်။

ဒါပေမယ့် ကုဝေက သူ့ကိုကြည့်လာတော့ ထန်းယွီက ချက်ချင်း ရှေ့ကလမ်းပေါ်ကိုပဲ အာရုံစိုက်လိုက်ပြီး တစ်ခြားအကြောင်းတွေ မတွေးတော့ဘဲ ကားဆက်မောင်းလိုက်တယ်။ သူကဒရိုင်ဘာတစ်ယောက်ပဲ သူဘာမှမကြားလိုက်ဘူး။

ယွီဖေးက နှုတ်ခမ်းကိုက်လိုက်ပြီး သူ့ခေါင်းထဲမှာ ပူလောင်လာတော့တယ်။ ယွီဖေးက သူ့မေးစေ့ကို ကိုင်ထားတဲ့ လက်ထဲက ရုန်းလိုက်ပြီး ကုဝေကိုလည်း သူ့လိုပြန်လုပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါကြောင့် ယွီဖေးက လက်ဆန့်လိုက်ပြီး ကုဝေရဲ့ ပါးဆီကို ဦးတည်လိုက်တယ်။

ကုဝေရဲ့ အကြည့်တွေက ယွီဖေးဆီကို ပြန်ရောက်လာတယ်။ ကုဝေရဲ့ အနက်ရောင် မျက်ဆံထဲကနေ သူ့ပုံရိပ်ကို ပြန်မြင်လိုက်ရတော့ ယွီဖေးရဲ့ ဆန့်ထားတဲ့လက်က တုံ့ဆိုင်းသွားတော့တယ်။ မူလရည်ရွယ်ချက်အရ ကုဝေရဲ့ပါးကို လှမ်းဆွဲဖို့ကနေ သူ့လက်ချောင်းလေးတွေက ကုဝေရဲ့ပါးကို ပွတ်တိုက်ရုံသာ ပွတ်တိုက်မိသွားတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now