Extra Four

21.2K 2.4K 235
                                    

Zawgyi

The Last Extra
It's about their babies

ကုအုပ်စုရဲ့ မြေညီထပ်က ခန်းမထဲမှာ ပန်းရောင်ဂါဝန်လေးနဲ့ ကလေးမလေးတစ်ယောက်ဟာ ဆိုဖာပေါ်ထိုင်ကာ နှုတ်ခမ်းလေးစူရင်း ဂဏန်းတွေ တရွေ့ရွေ့ ပြောင်းလဲနေတဲ့ နာရီကို တိတ်တဆိတ် ကြည့်နေလေတယ်။

သူမလေးရှေ့မှာတော့ ရုံးကမမတွေက ချစ်လွန်းလို့ လာကျွေးထားကြတဲ့ မုန့်တွေအများအပြား ရှိနေပေမယ့် သူမလေးကတော့ ထိတောင်မထိခဲ့ဘူး။

အဲဒီ့အချိန်မှာပဲ မလှမ်းမကမ်းက အားကောင်းတဲ့ လေထုနဲ့ လူတစ်စုဟာ ကုမ္ပဏီအဝင်ဝကို လျှောက်လာခဲ့ကြတယ်။

အပြာရင့်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ alphaတစ်ယောက်ဟာ အရှေ့ဆုံးကနေ လျှောက်လာပြီး အနောက်မှာတော့ သူ့ရဲ့အတွင်းရေးမှူးတွေ၊ ပရောဂျက် ဒါရိုက်တာတွေဟာ အနောက်က လိုက်လာကြပြီး သူတို့ဟာ လတ်တလော ကွင်းဆင်းလေ့လာရာကနေ ကုမ္ပဏီဆီ ပြန်လာကြတာဖြစ်တယ်။

ထိုalphaလမ်းလျှောက်သွားတဲ့ နေရာတိုင်းမှာ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်ကုန်ကြပြီး တိုးတိုးစကားပြောနေကြတဲ့ လူတွေဟာလည်း တိတ်ဆိတ်သွားကြကာ ဖြတ်သွားတဲ့ လူတွေကို တိတ်တဆိတ် ကြည့်နေကြလေတယ်။

ရုတ်တရက် အရှေ့ဆုံးက လမ်းလျှောက်နေတဲ့ alphaဟာ ရပ်တန့်သွားခဲ့တယ်။

အနောက်က လိုက်လာကြတဲ့ လူအုပ်စုကြီးဟာလည်း အတွဲလိုက် ရပ်တန့်သွားကြတော့တယ်။

"ကုနျန်?"
ဘာခံစားချက်မှ မပါဝင်တဲ့ ဩရှရှ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။

ဆိုဖာပေါ်မှာထိုင်နေတဲ့ ကလေးမလေးက ထရပ်လိုက်ပြီး ပြုံးပြလာတယ် : "ဖေဖေ!"

ထန်းယွီဟာ ကလေးမလေးကို မြင်လိုက်တာနဲ့ သူ့မျက်ဆံတွေ လှုပ်ခါသွားတော့တယ်။ ဒီမင်းသမီးလေးက ဒီအချိန်ဆို ကျောင်းမှာရှိနေရမှာ မဟုတ်ဘူးလား?!

"ဘာဖြစ်တာလဲဆိုတာ သွားစုံစမ်းချည်"
ထန်းယွီက ချောင်စီ့ကို တိုးတိုးတိတ်တိတ် ပြောလိုက်တယ်။

ချောင်စီက ချက်ချင်းပဲ ကျောင်းအုပ်ကြီးဆီ ဖုန်းလှမ်းခေါ်လိုက်တယ်။

🎉 You've finished reading Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်း 🎉
Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now