Part 13

1.5K 87 4
                                        

Zawgyi
နောက်‌ဆုံးတော့ ရိပေါ်ခေါ်လာတဲ့နေရာသို့ရောက်လာပြီး

"ရှောင်းကျန့်...ရောက်ပြီ ဆင်းတော့..."
ရှောင်းကျန့်တစ်ယောက် ရောက်လို့ရောက်မှန်းမသိ အတွေးပင်လယ်ထဲနစ်မျောနေဆဲ ရိပေါ်ခါးကိုဖက်၍ ခေါင်းလေးမှီပြီးပြုံးနေသည်။
ရိပေါ် နောက်လှည့်ကြည့်၍

"ရှောင်းကျန့်...ရှောင်းကျန့်...ကျန့်ကျန့်...ယုန်ပေါက်!!!"
ရှောင်းကျန့် ရိပေါ်ရဲ့အသံကြောင့် အသိစိတ်ပြန်ဝင်လာသည်။

"ဟမ်...အမ်...အင်း ရောက်ပြီလား"

"အင်း ရောက်ပြီ‌လေ...ဒါပေမယ့် မင်းမျက်လုံးကိုဒီပိတ်စ လေးနဲ့စည်းထားမှာ..."
ရှောင်းကျန့်မျက်လုံးလေးထောင့်ကပ်ပြီး စဉ်းစားနေတုန်း ရိပေါ်မှ စိတ်မရှည်တော့၍ ရှောင်းကျန့်မျက်လုံးကိုပိတ်စ စည်းလိုက်သည်။
ရှောင်းကျန့်မှ

"နေဦးလေ ငါဘယ်လိုလမ်းလျောက်ရမှာလဲ???"
ရိပေါ် မူပိုင်အပြုံးပြုံးလိုက်ပြီး

"မင်းလက်ဖြန့်လိုက်..."

"ဟင်...ဘာလုပ်မို့..."
ရိပေါ် မသိမသာသက်ပြင်းချ၍

"ပေးဆိုပေးပေါ့..."
ရှောင်းကျန့်လည်း မပြောတော့ပဲ ရိပေါ်ပြောသလိုလုပ်‌လိုက်သည်။
လက်ဖြန့်ပြီးတာနဲ့ ရှောင်းကျန့်လက်ကိုဆုပ်ကိုင်လာတဲ့ လက်ဖဝါးနုနုလေး...ရိပေါ် ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ပြီး ‌အ‌ရှေ့က‌နေလျောက်သည်။‌ရှောင်းကျန့်စိတ်ထဲတွင် တွေးနေလိုက်သည်။
*ရိပေါ်ရယ် မပြောမဆိုလုပ်တတ်တဲ့မင်းအကျင့်လေးပြင်ပါ ကြာလာရင်ငါနှလုံးရောဂါရနိုင်တယ် ခုလည်း နှလုံးခုန်သံက အပြင်ကတောင်ကြားနိုင်တယ် ဟူးးးးးရိပေါ်တစ်ယောက်နဲ့ မလွယ်ဘူး...*

"ရပြီ မျက်လုံးစည်းချွတ်ပြီနော်..."
ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ် ရှောင်းကျန့်မျက်လုံးစည်းလေးကိုချွတ်လိုက်သည်။

"Wow...ရိပေါ် အရမ်းလှတာပဲ...ကြည့်ပါဦး ပန်းလေးတွေကအဝါလေးတွေနော် အဝါရောင်ပန်းခင်းကြီး...အားးးးး ပျော်လိုက်တာ..."
ရှောင်းကျန့်ထခုန်ပြီး ရိပေါ်ကိုဆွဲဖက်လိုက်သည်။‌ရိပေါ် မျက်လုံးလေးပြူးပြီးကြောင်အသွားသည်။
*တော်သင့်ပြီလေ ခုန်တာရပ်တော့...အပြင်က‌နေကြားရ‌တော့မယ်...နှလုံး‌လေးရယ် လိမ္မာပါတယ်နော် အဲ့လိုမခုန်ရဘူးလေ...ဒီမှာလူက‌ခြေမကိုင်လက်မကိုင်မိ‌တွေဖြစ်‌နေပြီကွ...*
ရိပေါ် အတွေးလွန်နေတုန်း... ရှောင်းကျန့်ဖက်ထားရာကနေခွာပြီး ပန်းနားသွား၍

Please love once in my lifetime 💚❤️(Completed)Место, где живут истории. Откройте их для себя