Part 16

1.3K 60 13
                                        

Zawgyi
ဒေါက် ဒေါက်

ကျောင်းပြန်ဖွင့်ပြီဆိုတော့ ရိပေါ်တို့ထုံးစံအတိုင်း ရှောင်းကျန့်လာ မနှိုးမချင်းထဖို့အစီအစဉ်မရှိ...အိပ်လို့ကောင်းနေသည်။

"ရူးးးးတိုးတိုး လေးကျန့် ရှင်းလေး သွားခေါ်နှိုးလိုက်မယ်...လေးကျန့် ‌ဒီမှာနေခဲ့..."ရှောင်းကျန့်ကို တံခါးနားမှာနေခိုင်းပြီး ရှင်းလေး ခြေသံဖွဖွလေးနင်းကာ ရိပေါ် အိပ်နေတဲ့ဘေးနားတွင်ထိုင်၍

"လေးဝမ်ရေ...ထတော့ ကျောင်းသွားရမယ်လေ..."ရိပေါ် လက်မောင်းကိုကိုင်၍ လှုပ်နှိုးတော့လည်းမထသည့်အပြင် မှောက်အိပ်သွားသည်။ရှင်းလေး တစ်ယောက် ခေါ်နှိုးမရသည့်အဆုံး ရိပေါ်မှောက်အိပ်နေတဲ့အပေါ် ပက်လက်လှန် လှဲချလိုက်သည်။

"အမယ် ဘယ်ဆိုးလို့လဲ???လေးကျန့် သားရဲ့မွေ့ယာကြီးကမိုက်တယ် တွေ့လား..."ရှောင်းကျန့်ကို မျက်စပစ်ပြီးပြောလိုက်သည်။ရိပေါ် ခုမှပဲနှိုးလာတော့သည်။

"အားးးး ချီးထုတ်လေး ထ...လေးလိုက်တာ..."

"အဲ့ဆို...လေးဝမ် ထမှာလားပြော လေးဝမ် ထမယ်ဆိုရင် ရှင်းလေး ခုချက်ချင်းဖယ်ပေးမယ်..."

"အေးပါကွာ ထပြီ..."
ရှင်းလေး ရိပေါ် ကိုယ်ပေါ်ကနေဆင်းပြီး ရှောင်းကျန့်လက်လေး ဆွဲကာ ကုတင်ပေါ်ထိုင်ခိုင်းသည်။
ရိပေါ် နဲ့ရှင်းလေး တစ်ယောက်နဲ့တစ်ယောက် မျက်ခုံးပင့်ပြပြီး အချက်ပြလိုက်သည်။ရှောင်းကျန့် နားမလည်စွာဖြင့် ရှင်းလေးကိုကြည့်လိုက် ရိပေါ်ကိုကြည့်လိုက်...ရိပေါ် မူပိုင်အပြုံးပြုံးလိုက်ပြီး ရှောင်းကျန့်အငိုက်မိနေချိန် ရှောင်းကျန့် ကိုကုတင်ပေါ် ဆွဲလှဲချ၍ ရှင်းလေးနဲ့ရိပေါ် ကလိဝိုင်းထိုးနေသည်။

"ဟားးးးဟားးးး အားး မလုပ်နဲ့...ယားတယ်...ဟီးးးးဟီးးးး တော်တော့...မင်းတို့နှစ်ယောက်ကို အရူံးပေးတယ်..."
မနက်ခင်းလေးဟာဖြင့် စနောက်ကျီဆယ်သံများဖြင့် စိုစိုပြေပြေ သာယာ‌နေသည်။ရိပေါ်နဲ့ရှောင်းကျန့် ဝမ်မားနဲ့ဝမ်ပါးကို နှုတ်ဆက်ပြီး ကျောင်းသို့သွားကြသည်။
ရှင်း‌လေးက‌တော့ သူ့မားလာခေါ်လို့ ပြန်သွားသည်။ကျောင်းရောက်တော့ ဟောက်ရွမ်းမှ ရှောင်းကျန့်ကိုပြေးဖက်၍

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now