Part 27

1.2K 56 11
                                        

ရှောင်းကျန့်တစ်ယောက်ထူးထူးဆန်းဆန်း အိပ်ယာအစောကြီးနှိုးနေသည်။ရိပေါ်နဲ့ညကကိစ္စအကြောင်းပြန်တွေးပြီး ရှောင်းကျန့်ရှက်ပြုံးလေးပြုံးနေသည်။ရိပေါ် မျက်ခုံးလေးတွေကို တယုတယလက်မလေးနဲ့ပွတ်လိုက်၊နှာခေါင်းလုံးလုံးလေးကို လက်ညှိုးလေးနဲ့ပွတ်ဆွဲသွားလိုက်၊‌ပေါက်စီ‌လုံးလေးသဖွယ် ဖောင်းကားနေတဲ့ ပါးမို့မို့လေးကို  လက်ညှိုးလေးနဲ့ထိုးလိုက်၊မထူမပါးနှုတ်ခမ်းလေးနားရောက်တော့ ရှောင်းကျန့်ပြုံးနေတုန်းမှာပဲ...ရိပေါ်တစ်ယောက် ဘယ်တည်းကနိုးနေမှန်းမသိ...ရှောင်းကျန့်ကိုတစ်ပတ်ဆွဲလှည့်လိုက်ပြီး ရှောင်းကျန့်အပေါ်ကနေ အုပ်မိုးလိုက်သည်။

"ရိ...ရိပေါ်...ဘယ်တည်းကနိုးနေတာလဲ???"

"အချစ် ကို့မျက်နှာကိုစ ကလိနေတည်းက ကိုနိုးနေတာ...နေပါဦး ...ခုနကဘယ်လိုခေါ်လိုက်တာ..."

"ဟင်...ဘာကိုလဲ???"ရိပေါ်တစ်ယောက် သူ့မေးနေတဲ့အမေးကိုမဖြေတဲ့အပြင် သူ့ကိုမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ မေးခွန်းပြန်ထုတ်နေတဲ့ သူ့အသဲအသက်လေးကိုအသဲတွေယားနေသည်။

"ခုနက ကို့ကိုဘယ်လိုခေါ်လိုက်တာလဲလို့..."

"ရိပေါ်လို့ခေါ်လိုက်...အယ် မေ့လို့ ကို...ကို...ဟီး..."

"ခုမှ ဟီး မလုပ်နေနဲ့...အပြစ်ပေးရမှာကပေးရမှာပဲ..."

"ဟမ်...ကိုကိုကလည်း အချစ် ကိုမချစ်ဘူးလား..."ရှောင်းကျန့် နှုတ်ခမ်းလေးဆူပြီး ချွဲလိုက်တော့ ရိပေါ်မှ

"ချစ်လို့ကိုအပြစ်ပေးချင်တာလေ..."ရှောင်းကျန့် ရိပေါ်ပြောတာကိုနားမလည်တော့ မျက်လုံးလေးထောင့်ကပ်ပြီးစဉ်းစားနေရှာသည်။ရှောင်းကျန့်အငိုက်မိနေချိန် ရိပေါ်မူပိုင်အပြုံးပြုံးလိုက်ပြီး  ရှောင်းကျန့် ယားတတ်မှန်းသိလို့ လည်ပင်းကိုတစ်မွမွနဲ့နမ်းလိုက်သည်။ရှောင်းကျန့်တစ်ယောက် ကော့ကလန်ထိုး၍

"ဟီးးးဟီးးးးဟားးးဟားးးး အ့...တော်ပြီ...ကိုကိုတော်တော့ကွာ...ငါမောနေပြီး..."

"ဘာဖြစ်တယ် ငါ...ဟုတ်လား..."ရိပေါ် က မလွှတ်ပေးတဲ့အပြင် လည်ပင်းကိုလည်းနမ်း ကလိလည်းထိုးနေသည်။

Please love once in my lifetime 💚❤️(Completed)Tahanan ng mga kuwento. Tumuklas ngayon