Part 46

845 31 3
                                        

Zawgyi

Xiao Zhan Pov's
တစ်ပတ်လောက်ဆေးရုံမှာနေရသည်မို့ ဒီနေ့ဆေးရုံက‌ဆင်းတော့ တက်တက်ကြွကြွနဲ့ပျော်ရွှင်နေရသည်။‌
ဟောက်ရွမ်းလည်းဆေးရုံဆင်းသည်အထိအစစအရာရာလိုက်ဂရုစိုက်ပေးတာကြောင့် အေးဆေးသက်သက်သာသာနေရသည်။
ရိပေါ်ကတော့ သူ့ကိုလူပိုလို့ ပြောလိုက်တည်းကမျက်စိရှေ့လုံးဝပေါ်မလာတော့ဘူး...ကောင်းပါတယ် အခုလောက်ဆိုသူ့ကိုရိပေါ်မုန်းနေလောက်ပြီ...‌


"ရှောင်းကျန့် ရောက်ပြီ ဖြည်းဖြည်းဆင်းနော်..."
ရှောင်းကျန့်အတွေးလွန်နေတာ အိမ်ပြန်ရောက်တာတောင်ဟောက်ရွမ်းပြောမှသိရသည်။


"အေးပါ မင်းကလည်း ငါအကောင်းကြီးပါ..."
မျက်စောင်းထိုးပြီးပြောတော့ ဟောက်ရွမ်းမှတဟားးဟားးးထရယ်၍


"ဟားးးးဟားးးးးကြောက်ပါတယ်ခင်ဗျာ...တော်ကြာငါပြာဖြစ်သွားဦးမယ်..." ‌‌ဟောက်ရွမ်း ရှောင်းကျန့်ခေါင်းလှမ်းပုတ်၍ပြောလိုက်သည်။
‌ဟောက်ရွမ်းကို သူ့ခေါင်းပုတ်ရမလားဆိုပြီ ရိုက်ဟန်ရွယ်ကာ အိမ်‌ထဲခြေလေးဆောင့်၍ ဝင်သွားသောရှောင်းကျန့်ကို ကြည့်ကာ ဟောက်ရွမ်းခေါင်းခါ၍ပြုံးနေလိုက်သည်။ဟောက်ရွမ်းရယ်နေရင်းမှ တစ်ခုခုကိုသတိရသွားဟန် ရိပေါ်တို့အိမ်ဝရံတာဘက်ကိုမော့ကြည့်လိုက်တော့ ဖျက်ခနဲ မြင်လိုက်ရတဲ့အရိပ်လေး...ဟောက်ရွမ်းလည်း သက်ပြင်းချကာ ရှောင်းကျန့်ပစ္စည်းတွေမ ပြီးအိမ်ထဲဝင်လိုက်သည်။

အိမ်ထဲရောက်တော့ ကလေးဆိုးလေးကိုတွေ့လိုက်ရသည်။
သူ့ခေါင်းကိုပုတ်လို့ဆိုပြီး ‌သူ့မားကိုကလေးတစ်ယောက်လိုပင် တိုင်နေသောရှောင်းကျန့်ကိုကြည့်၍


"တိုင်ပြောထူဗိုက်ကလေးပူ အီးလေးနည်းနည်းရှူ..."
ရှောင်းကျန့်ကိုလျှာထုတ်ပြောင်ပြ၍ ပြောလိုက်သည်။


"မပြေးနဲ့ဟောက်ရွမ်း...တွေ့လားမား သားကိုပြောနေတာ...ကြည့်ဦး..."
ရှောင်းကျန့် ဟောက်ရွမ်းကိုလိုက်ရိုက်ပြီး သူမောလာတော့ ဆောင့်ကြောင့်ထိုင်ချပြီး ခြေထောက်နှစ်ချောင်းကိုလည်း‌ကွေးလိုက်ဆန့်လိုက်ဖြင့် ကလေးတစ်ယောက်လိုဂျီကျနေသည်။
ရှောင်းမားမှ


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now