Zawgyi
ဒေါက် ဒေါက်
တံခါးခေါက်ပြီး ရှောင်းကျန့်ခြေသံဖွဖွလေးနဲ့လျောက်လာပြီး ရိပေါ်ကုတင်ထောင့်လေးမှာထိုင်လိုက်သည်။
ရှောင်းကျန့် မနေ့ကကိစ္စကြောင့် ရိပေါ်ကိုချော့ရန် ရိပေါ်အိမ်ကိုစောစောရောက်နေခြင်းဖြစ်သည်။
ရိပေါ် ဟိုဘက်လှည့်အိပ်နေရင်းမှ ချက်ချင်းဒီဘက်လှည့်ပြီး ရှောင်းကျန့်ကိုဖက်၍ ဗိုက်ပေါ် မျက်နှာအပ်ထားသည်။"မား မွှေးနေတာပဲ ရေမွှေးပြောင်းသုံးထားတာလား...ပြီးတော့ မားပိန်သွားသလိုပဲ..."
ရိပေါ်က ပြောလည်းပြော တိုး၍ ဖက်ထားသည်။
ရှောင်းကျန့်လည်း ရိပေါ်ကိုစချင်တာနဲ့ အသံတုလုပ်ပြီး"တိတိလေး ထတော့လေ...ဟီးဟီး..."
ရှောင်းကျန့်မရယ်ပဲမနေနိုင်..."မား မားအသံဘာဖြစ်လို့လဲ???လည်ချောင်းနာနေတာလား..."
ရှောင်းကျန့် ဘာမှမပြောပဲ ရိပေါ်ဆံပင်လေးတွေဆော့နေသည်။
*မဟုတ်သေးပါဘူး မားဆံပင်ကိုင်ရင် အဲ့လိုမဟုတ်ပါဘူး မားကငါ့ဆံပင်ကိုသပ်တင်ပေးတာလေ ခုဟာက နူးနူးညံ့ညံ့လေးနဲ့ ငါပဲစိတ်ထင်တာလား???*
ရိပေါ် တွေးပြီး မော့အကြည့် ရှောင်းကျန့်ကိုတွေ့၍ ရိပေါ် ကုန်းရုန်းထပြီး"မင်း!!!ရှောင်းကျန့် ဘယ်တုန်းကဘယ်လိုရောက်..."
ရှောင်းကျန့် တံခါးကိုလက်ညှိုးထိုးပြ၍"တံခါးဖွင့်ပြီးလာတာလေ...ဘာလို့လဲ???"
ရိပေါ် ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီးခေါင်းခါကာ ထမယ်အလုပ် ရှောင်းကျန့်မှရိပေါ်ကိုပုခုံးကနေဆွဲလှဲချလိုက်ပြီး ရိပေါ်အပေါ်ကနေ အုပ်မိုးထားသည်။
ရိပေါ် အူတူတူလေးကြောင်နေသည်။"ရှောင်းကျန့်!!!ဘာလုပ်တာလဲ???ဖယ်..."
ရှောင်းကျန့် အပေါ်ကနေအုပ်မိုးနေရင်းမှ ရိပေါ် အပေါ် မှောက်အိပ်လိုက်သည်။
ရိပေါ်မှ"အ!!!ရှောင်းကျန့် ဖယ်...လေးတယ်..."
ရှောင်းကျန့် နှုတ်ခမ်းဆူပြီး ရိပေါ်ကိုမော့ကြည့်ပြီး"ရိပေါ်...ကျင့်ပုတ် ငါခန္ဓာကိုယ်မလေးပါဘူး..."
"မင်းကအရိုးချည်းပဲလေ...အရိုးက လေးတယ်ဟ...ဖယ်တော့..."
"ဖယ်ဘူး...မင်းစိတ်ဆိုးပြေမှငါထမယ်..."
*ဟာ ဒီငရစ်ကို ငါဘယ်လိုလုပ်ရမလဲ ရှောင်းကျန့်ရေ နှိပ်စက်တာလည်းကြည့်နှိပ်စက်ပါ...မင်းခုမှောက်အိပ်ချတော့ မင်းဝင်လေဝင်ထွက်က ငါလည်ပင်းကိုလာကျီစယ်နေတယ်...မြန်မြန်ထလိုက်တာကောင်းမယ်ထင်တယ်...*
ရိပေါ် အငိုက်မိနေချိန် ရှောင်းကျန့် ရိပေါ်ကိုကလိထိုးလိုက်သည်။"အားးး ဘာလုပ်တာလဲ???ဟားးးး ဟားးးး...တော်...တော့ ဟားးးးးဟားးးး(ရိပေါ်ရဲ့ရယ်သံလေးကိုပြန်ကြားယောင်လိုက်ပါနော်🥰) အားးးရားးး ရှောင်းကျန့်တော်တော့..."
ရိပေါ် ရှောင်းကျန့်ရဲ့လက်ကိုချုပ်ထားလိုက်သည်။
ရှောင်းကျန့်အတင်းရုန်းပြီး ရိပေါ်ကိုကလိထပ်ထိုးမယ်အလုပ် ရိပေါ်ကိုယ်တစ်ပတ်ဆွဲလှည့်လိုက်၍ ရှောင်းကျန့်ကရိပေါ်အောက်ရောက်သွားသည်။
ရိပေါ် ရှောင်းကျန့်အပေါ်ကနေအုပ်မိုးပြီး"ငြိမ်ငြိမ်နေတော့..."
ရိပေါ် ပြောပြီး ရှောင်းကျန့်အပေါ်ကနေထဖို့လုပ်တော့ ရှောင်းကျန့်ရိပေါ်လည်ပင်းကိုပြန်ဆွဲဖက်လိုက်သည်။
ရိပေါ်နဲရှောင်းကျန့်မျက်နှာအရမ်းနီးကပ်သွားသည်။နှစ်ယောက်အချိန်အတော်ကြာသည်အထိ တစ်ယောက်နဲ့တစ်ယောက်အကြည့်မလွဲ...ရှောင်းကျန့်မှ
"ရိပေါ် ငါမင်းကိုပြောစရာရှိတယ်...ငါလေမင်းကို..."
ဒေါက် ဒေါက်
"သားတိတိလေးနဲ့ကျန့်ကျန့်လေးရေ ဆင်းလာကြတော့လေ...မားမနက်စာပြင်ထားတယ်...လာစားကြ..."
ရိပေါ်မှ"ဟုတ်မားးး သားတို့ဆင်းခဲ့မယ်..."
ရိပေါ် ရှောင်းကျန့်ကိုစိုက်ကြည့်ပြီး"ရှောင်းကျန့်ခုနက ဘာပြောမို့လဲ???ပြောလေ..."
ရှောင်းကျန့်ခေါင်းခါပြကာ"ဘာ...ဘာမှမဟုတ်တော့ဘူး...ထတော့လေ...အန်တီဝမ်လည်းခေါ်နေပြီး..."
ရိပေါ် လည်း ရှောင်းကျန့်အပေါ်ကနေထသွားပြီး ရေချိုးခန်းထဲဝင်သွားသည်။
ရှောင်းကျန့်လည်း အိပ်ယာသိမ်းပေးပြီး ရိပေါ်အခန်းကိုသန့်ရှင်းရေးလုပ်ပေးလိုက်သည်။ရိပေါ် ရေချိုးခန်းထဲကနေထွက်လာတော့ နံရံလေးမှီပြီး ရှောင်းကျန့်လုပ်သမျှကိုပြုံး၍ လိုက်ကြည့်နေသည်။ရှောင်းကျန့် ရှင်းစရာဘာကျန်သေးလဲဆိုပြီး ဟိုကြည့်ဒီကြည့်ရှာဖွေနေသည်။