Part 20

886 32 10
                                        

Zawgyi
ရှောင်းကျန့် Companyသွားရန်ပြင်ဆင်ပြီး အောက်ဆင်းလာကာ ရှောင်းမားမှ

"သားရေ မားသားအတွက်ကွတ်ကီးလုပ်ထားတယ် ငါ့သားလေးအကြိုက်"

" အဲ့ကြောင့် မားကိုချစ်နေရတာ..."
ပြောပြီး စားမလို့ဆဲဆဲ ရှောင်းကျန့်မျက်နှာပျက်သွားပြီး

"မားးး မားကွတ်ကီးအနံ့ကြီးကလည်းတစ်မျိုးပဲ ဘယ်လိုကြီးလဲမသိဘူး"

"ဟဲ့သား မားမနက်ကမှ‌လုပ်ထားတာ ချောကလက်အနံ့လေးကိုသင်းလို့ သေချာစားကြည့်ပါ"
ရှောင်းမားပြောတော့ ရှောင်းကျန့်ခေါင်းငြိမ့်ပြီး ပါးစပ်ထဲထည့်ရုံရှိသေး

"အော့ မရဘူးမား သားမခံနိုင် အော့..."
ရှောင်းကျန့် ဘေစင်ထဲ ကွတ်ကီး‌‌တွေ ပြန်ထွေးထုတ်လိုက်သည်။
ရှောင်းကျန့် မနက်စာမစားတော့ပဲ companyသွားရန်အလှည့် လူကမိုက်ခနဲဖြစ်သွား၍ မျက်လုံးထဲမှာလည်းပြာဝေသွားပြီး အရုပ်ကြိုးပျက်‌လဲကျသွားသည်။

ဝုန်းးး
ရှောင်းမားလည်း အသံကြားတော့အပြေးလေးလာကြည့်၍

"သားကျန့် သားလေး ဖေကြီးရေလာပါဦးဒီမှာရှင့်သားလဲကျသွားလို့"
ရှောင်းမားအော်သံကြောင့် ရှောင်းပါးလည်းအတင်းပြေးဆင်းလာ၍

"မိန်းမဘယ်လိုဖြစ်ရတာလဲ သားလေးနှုတ်ခမ်းတွေလည်းဖြူလို့"

"မသိဘူး ကျွန်မလာတော့လဲကျနေပြီ ဖေကြီးရှင့်သူငယ်ချင်းဒေါက်တာကိုမြန်မြန်ဖုန်းဆက်လေ..."
ရှောင်းမားပြောတော့ ရှောင်းပါးလည်းဒေါက်တာဆီဖုန်းဆက်ကာအမြန်လာရန် ပြောလိုက်သည်။
ရှောင်းကျန့်ကိုကုတင်‌ပေါ် မ ချီ၍ဒေါက်တာအလာကိုမျှော်နေကြသည်။
မိနစ်အနည်းငယ်ကြာတော့ ဒေါက်တာရောက်လာပြီးစမ်းသပ်ကာ

"ပြောစရာရှိတယ် ငါနဲ့ခဏလိုက်ခဲ့ဦး"
ရှောင်းပါးကိုမျက်နှာရိပ်မျက်နှာကဲပြ၍ တိုးတိုးလေး ဒေါက်တာကပ်ပြောသည်။ရှောင်းပါးလည်းခေါင်းငြိမ့်ပြပြီး ဒေါက်တာနဲ့အတူတူအပြင်သို့ထွက်ကာ

"သူငယ်ချင်း ငါ့သားဘာဖြစ်တာလဲ???"

"မင်းသားကငါစမ်းသပ်တာ မင်း သားမှာကိုယ်ဝန်သုံးလရှိနေပြီ"

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now