Part 22

1.3K 66 9
                                        

Zawgyi
"ဟျောင့် မင်းက သံစဉ်ရဲ့ရည်းစားဆို ဟုတ်လား... မင်းနဲ့တွဲသွားတွဲလာလုပ်နေတဲ့ ဟိုကောင်လေးကိုကြိုက်နေတာမဟုတ်ဘူးလား...မင်းတို့က gay‌နေတာမဟုတ်ဘူးလား..."ရိပေါ်သူ့ဟာသူ စိတ်ညစ်ညစ်နဲ့ လမ်းလျောက်နေတုန်း ဘယ်က‌ကောင်အုပ်စုမှန်းမသိ ရိပေါ်ကိုရန်လာစသည်။ရိပေါ်မသိချင်ယောင်ဆောင်၍ ဆက်လျောက်သွားလိုက်သည်။ဒါလည်းမရ...ရိပေါ် ပုခုံးပေါ် လက်လည်းရောက်ရော ရိပေါ် စိတ်မလျော့နိုင်တော့...တစ်ဖက်က အုပ်စုက လေးငါးယောက် ရှိတော့ ရိပေါ်လည်းခံရ တစ်ဖက်က အုပ်စုလည်းခံရသည်။ရိပေါ် ကသူတို့လောက်မခံရ ရိပေါ်ကသူ့ကိုယ်သူ ခုခံနိုင်သည်။တစ်ဖက်ကအုပ်စုကတော့ ခေါင်းကွဲတဲ့သူကကွဲ၊လက်ကျိုးတဲ့သူကကျိုး၊နှုတ်ခေါင်းရိုးကျိုးတဲ့သူကကျိုး ရိပေါ်လည်း ကျောင်းစောင့်ဦးလေးကိုတွေ့တော့ ထိုအုပ်စုကို ထားခဲ့ပြီးပြေးတော့သည်။
ရှောင်းကျန့် ရိပေါ်ကိုလိုက်ရှာနေတုန်း ကျောင်းလမ်းကြားထဲမှာ ရန်ဖြစ်နေကြတဲ့အုပ်စုနဲ့တန်းတိုးသည်။ရှောင်းကျန့် ဘယ်သူတွေမှန်းမသိလို့ မကြည့်တော့ပဲ သွားနေတုန်း
*ငါပဲစိတ်ထင်နေတာလား...ခုနက အုပ်စုထဲမှာ ရိပေါ်ကိုများမြင်မိသလားလို့ မဟုတ်လောက်ပါဘူး ရိပေါ်က တစ်ခါမှရန်မဖြစ်ပါဘူး...*ရှောင်းကျန့်တွေးပြီး သေချာအောင် နောက်တစ်ခေါက်သွားပြန်ချောင်းတော့
*ဟုတ်တာပေါ့ ရိပေါ်မှ ရိပေါ်အစစ်...ဒုက္ခပဲ ငါလည်းတစ်ခါမှ ရန်မဖြစ်ဖူးတော့ မချတတ်ဘူး...ငါဘယ်လိုလုပ်ရမလဲ???ရိပေါ် အထိုးခံနေရပြီး...*ရှောင်းကျန့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတုန်း ကျောင်းစောင့်ဦးလေးကြီး ကိုတွေ့၍ ကူညီတောင်းလိုက်ခြင်းဖြစ်သည်။ကျောင်းစောင့်ဦးလေးကြီးက ဟိုအုပ်စုကို ရဲလက်ထဲအပ်လိုက်လားဘာလားတော့မသိ...ရှောင်းကျန့် ရိပေါ် နောက်သို့ပြေးလိုက်ရသည်။

"အ!!!ကယ်ကြ...အု..."ရှောင်းကျန့် ရိပေါ်ကိုနောက်လိုက်နေရင်းမှလူရှင်းတဲ့လမ်းကြားထဲ‌ရောက်သွားသည်။လမ်းကြားအကွယ်ကနေ ရှောင်းကျန့်လက်ကိုဆောင့်ဆွဲခြင်းခံလိုက်ရကာ အနောက်ကနေသိုင်းဖက်ထားပြီး ပါးစပ်ကိုလည်းလက်နဲ့ ပိတ်ထားခြင်းခံရသည်။ရှောင်းကျန့် လန့်ပြီးအတင်းရုန်ကန်၍အဲ့လူခြေထောက်ကိုတက်နင်းချလိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now