Episode 1 [Zawgyi]

925 22 1
                                    

ပထမဆုံးကျောင်းပြန်တက်ရမယ့်ရက်မို့
Jisoo တစ်ယောက်ရင်ခုန်နေမိတာအမှန်ပါပဲ
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို
တွေ့ရမှာလည်းပါတာပေါ့
ကျောင်းပိတ်ရက်အတွင်းမှာက အမေဘက်က
အဘိုးအဘွားတွေရှိတဲ့ Incheon ကို
သွားနေရတဲ့ ကိုယ်ချစ်တဲ့သူငယ်ချင်းတွေကို
လွမ်းနေခဲ့တာ အခုပြန်တွေ့ရမယ်ဆိုတော့
ရင်တွေခုန်နေတာပေါ့

အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က...

Rose' ...

သူက တကယ့်ကိုမှနူးညံ့သိမ်မွေ့တဲ့
မိန်းကလေးပါ ယောကျာ်းလေးတော်တော်
များများရဲ့ Ideal Type လေးပေါ့
အခုအထိ အဖေ အမေနဲ့
သူငယ်ချင်းတွေကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်တဲ့ မိန်းကလေးပါ
Ahh... ဒါပေမယ့် သူ့မှာအချစ်ဦးရှိတယ်
သူကတစ်ဖက်သတ်ချစ်ရတဲ့အချစ်ဦး...
သူ့အဖေရဲ့သူငယ်ချင်းကိုသွားတွေ့ဖို့
Bangkok ကိုသွားလည်တုန်းက
သူ့အချစ်ဦးကို စတွေ့ခဲ့တာတဲ့
အဲ့တုန်းက အထက်တန်းပထမနှစ်တက်မယ့်
အားလပ်ရက်လောက်ဖြစ်မယ်
သူ့အဖေသူငယ်ချင်းရဲ့သားက
သူ့အချစ်ဦးတဲ့လေ
နာမည်ကသာ Rose'...
အဓိပ္ပါယ်ကသာ နှင်းဆီဆိုပေမယ့်
လူကတော့ ထိရှကြေကွဲလွယ်လိုက်တာများ
စကားပြောရင်း လေသံနည်းနည်းမာလိုက်ရင်
သူ့မှာ မျက်ရည်ဝဲနေတာမျိုး
လူကလှသလို စိတ်ထားလေးကလည်း
တအားကောင်းတယ် ပညာရေးကတော့
လူ နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါ
ဒါပေမယ့် ကျောင်းက vocal class မှာတော့
ဆရာတွေ အောချရလောက်တဲ့ အဆိုရှင်လေး
သူ့ရဲ့နောက်ထပ်နာမည်တစ်မျိုးက
Park Chae Young တဲ့...

နောက်တစ်ယောက်က Jennie....

သူငယ်ချင်းဆိုတာထက် တစ်ဖက်သတ်
ချစ်နေမိတဲ့ ငယ်ချစ်ဆို ပိုမှန်ပါလိမ့်မယ်
လုံးဝ strong ဖြစ်တဲ့ပုံစံနဲ့ အားလုံးထဲမှာ
အလှပဆုံး တောက်ပနေတဲ့ ကောင်မလေး
လူတိုင်းအမြင်မှာက လုံးဝကို ချေပြီး
Confidence ရှိတဲ့ကောင်မလေး
တကယ်က အရမ်းကိုချစ်ဖို့ကောင်းပြီး
မာနမကြီးတတ်တဲ့ ကောင်မလေးပါ
စာကတော့ အရမ်းကြီးမတော်ပေမယ့်
Rose' လိုပဲ Jennie ကကျတော့
Vocal class မှာ လုံးဝကို Chrismatic
Rap Queen ပါပဲ

ကျွန်တော်လား?

ကျန်တော်က....
ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ရရင်
Kim Jisoo ပါ ကျွန်တော့်မှာ သူငယ်ချင်းတွေ
အများကြီးရှိတယ်ဆိုပေမယ့် တကယ့်
real friend က ၂ယောက်ပဲရှိတယ်
Rose' နဲ့  Jennie ပဲ
သုံးယောက်သားက ဘယ်လောက်ခင်ကြလဲဆို
အမြဲတမ်းတပူးပူးတတွဲတွဲဖြစ်ခဲ့ကြတယ်
ဘယ်အခြေအနေမျိုးမှာမဆို အတူတူရှိခဲ့ကြတယ်
ပျော်လည်းအတူ ငိုလည်းအတူပဲ
တစ်ယောက်ဝမ်းနည်းရင် ကျန်တဲ့
နှစ်ယောက်က နှစ်သိမ့်ပေးကြတဲ့
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ
လျှို့ဝှက်ချက်ဆိုတာ လုံးဝမရှိကြဘူး
Ahh... ဘယ်ဟုတ်မလဲ
ကျွန်တော့်မှာရှိတယ် ကျွန်တော်နဲ့ Rose'
နှစ်ယောက်တည်းသိပြီး Jennie မသိတဲ့
လျှို့ဝှက်ချက် ... အဲ့ဒါက....
သူက ကျွန်တော့်ရဲ့ ငယ်ချစ်ဆိုတာပဲ
ငယ်ချစ်ဆိုပေမယ့် အခုအထိချစ်နေတုန်းပါပဲ
ကဲပါ ကျွန်တော့်အကြောင်း ဆက်ပြောကြ
ရအောင်ပါလေ...
ကိုယ့်ကိုယ်ကို ချီးမွှမ်းပြောတာမဟုတ်ပေမယ့်
ကျွန်တော်က ဒီကျောင်းရဲ့ King လို့
ပြောရမယ် ကျွန်တော့်ကိုကြိုက်တဲ့
ကောင်မလေးတွေအများကြီးပေမယ့်
ကျွန်တော်ဘယ်သူ့ ကိုမှ ပြန်မကြိုက်ခဲ့ဘူး
စာလည်းတော်တော့ စာအကြောင်းပြပြီး
ကပ်တဲ့သူတွေလည်းရှိတယ်
ဒါပေမယ့်လည်း ကျွန်တော်စိတ်ဝင်စားတဲ့သူက
Jennie ပါပဲ

To be continued 💜

ဒီ fic လေးကို Zawgyi Code နဲ့တောင်းဆို
နေကြတာနဲ့ Authornim Zawgyi နဲ့တင်ပေး
လိုက်ပါတယ် ဒီရက်တွေအတွင်းမှာ fic အသစ်
ရေးဖို့တော့စိတ်ကူးမရှိသေးပေမယ့် စိတ်ပြေ
လက်ပျောက်ဖတ်လို့ရအောင်တော့ တစ်ပိုင်းစ
နှစ်ပိုင်းစတင်ပေးသွားဖို့တော့ရှိပါတယ်
လောလောဆယ်တော့ ဒီ fic လေးကိုအရင်
Zawgyi နဲ့တင်ပေးသွားပါမယ်
ဒီကြားထဲ update မလုပ်တာကိုတော့နားလည်
ပေးစေချင်ပါတယ် ❤️

[ အရေးတော်ပုံအောင်ရမည် 💪🇲🇲 ]

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Where stories live. Discover now