Episode 6 [Zawgyi]

204 9 0
                                    

Rose' side >>>

Rose' လည်း မုန့်သွားဝယ်မယ်ဆိုပြီး
ထွက်လာခဲ့ပေမယ့် မျက်ရည်တွေဝဲပြီး
လျှောက်မိလျှောက်ရာ လျှောက်ခဲ့တာက
ကျောင်းခေါင်မိုးထပ်ပဲပေါ့
ဝမ်းနည်းတိုင်း စိတ်ညစ်စရာကြုံတိုင်း
တစ်ယောက်တည်းနေချင်တိုင်းနေလို့
အကောင်းဆုံးနေရာက အမြင့်တစ်နေရာပဲ
ကျောင်းမှာဆို ကျောင်းခေါင်မိုးထပ်ပေါ့
ဆိုပြီး Jisoo ပြောပြဖူးတာကို Rose'
သတိရတာနဲ့ တက်လာခဲ့သည်
တိုက်ဆိုင်ချင်တော့ Jisoo ပါရှိနေသည်
Jisoo လည်း လူတက်လာသံကြားတာနဲ့
လှည့်ကြည့်တော့...

Jisoo: Chaeng?

Rose': Ji ahhh...

Jisoo: အသံကဘာလို့ဝမ်းနည်းနေတဲ့အသံ
ပေါက်နေ....? Humm? မဟုတ်မှလွဲရော
ငိုနေတာတော့ မဟုတ်ပါဘူးနော်?

Jisoo ပြောတော့မှ Rose' လည်း
မငိုဘဲသည်းခံလာခဲ့သမျှ အားရပါးရ
ငိုချလိုက်တော့သည်
Jisoo လည်း ဘာလုပ်ရမှန်းမသိတာနဲ့
Rose' ကိုဖက်လိုက်ပြီး နောက်ကျောလေးကို
သပ်ပေးလိုက်သည်

Time skip,

အမြဲပြုံးနေတတ်ပြီး ပျော်ပျော်နေတတ်တဲ့
Rose' က တော်တော်ကြာကြာငိုနေတော့
Jisoo လည်းစိတ်ပူလာတာနဲ့

Jisoo: Chaeng ahh...
ဘာလို့ငိုနေမှန်းတော့မသိတော့ ငါလည်း
ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာမသိတော့ဘူး
ဒီတော့ အခုမငိုသေးဘဲ ငါ့ကိုငိုရတဲ့အကြောင်း
ပြောပြပါလား?

Rose': ငါ့အချစ်ဦး ...
ငါ့အချစ်ဦးကို ငါပြန်တွေ့ တယ် Ji ...
ဒါပေမယ့် သူက ငါမဟုတ်တဲ့
တခြားတစ်ယောက်ကို သဘောကျနေတာ
သူသဘောကျတဲ့သူက Jen ပဲ Ji...
ငါချစ်တဲ့သူက ငါ့အချစ်ဆုံးသူငယ်ချင်းကို
ကြိုက်နေလိမ့်မယ်လို့ ငါလုံးဝမမျှော်လင့်ခဲ့ဘူး

Jisoo: Borrr?

Rose': နင်လည်းမသိဘူးမလား?
Jen က ငါ့ကိုလုပ်ရက်...

Jisoo: ခဏ... ဒါဆို Lisa က နင်ပြောဖူးတဲ့
လွန်ခဲ့တဲ့ ၅နှစ်က နင့်အချစ်ဦးလား?

Rose': အင်းလေ...

Jisoo: Wowwww...
အဲ့ဒါကြောင့် ငါ အဲ့ကောင်နာမည်ကို
ကြားတုန်းက ကြားဖူးတယ်ထင်ခဲ့တာကိုး

Rose': ငါ နင်တို့ ကို ပြောပြဖူးပါတယ်

Jisoo: Maja... ဒါပေမယ့် နာမည်ကို
မမှတ်မိတာ ငါတောင်မမှတ်မိတာ
Kim Jen လည်းဘယ်မှတ်မိမလဲ?
သူမသိလို့ ကြိုက်တာနေမှာပါ

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Where stories live. Discover now