Episode 12 [Zawgyi]

193 6 0
                                    

Jisoo: Kim Jen ahhh....

Jennie: ငါ့နောက်ကိုလိုက်မလာနဲ့
ငါတစ်ယောက်တည်းနေချင်တယ်
ငါ့ကိုတစ်ယောက်တည်းထားထားကြပါဟာ

ပြေးနေတဲ့ Jennie ရှေ့မှာရပ်ပြီ
ပုခုံးကို ကိုင်ထားလိုက်ပြီး

Jisoo: Kim Jen ahh ...
ဒီအတိုင်းပဲထွက်ပြေးနေတော့မှာလား?
တစ်ဖက်လူစကားကိုရော နားထောင်ပေးဖို့
စိတ်ကူးမရှိဘူးလား?

Jennie: အင်း ... ဟုတ်တယ်
ထွက်ပြေးမယ် ဒါပေမယ့် ငါမှားလို့ထွက်ပြေးမှာ
မဟုတ်ဘူး ငါ့ကိုဝိုင်းလှောင်ကြမယ့်လူလိမ်တွေ
ကြားထဲကပြေးထွက်လာခဲ့မှာ
တစ်ဖက်လူစကားကိုနားထောင်ပေးရမယ်?
နားထောင်ပေးဖို့တန်လား?
ငါ့ကိုဘယ်လိုတောင်လျှို့ဝှက်ထားခဲ့သလဲ?
နင်လည်းသူတို့ ဘက်ကမလား Ji?
သူတို့ကိုဒီလောက်ကာကွယ်ပြီးပြောပေးနေတာ

Jennie လည်းသူ့ပုခုံးပေါ်က Jisoo လည်း
လက်ကိုပုတ်ချပြီး ထွက်သွားမယ်လုပ်တော့
Jisoo လည်း Jennie လက်ကို လှမ်းဆွဲ
ထားလိုက်ပြီး

Jisoo: Kim Jen ahh ...
သူတို့ကိုကာကွယ်ပြီးပြောပေးနေတာမဟုတ်ဘူး
ငါကနင်တို့နှစ်ယောက်လုံးရဲ့သူငယ်ချင်းလေ
ကြားထဲကမဖြစ်သင့်တာမဖြစ်ရအောင်
ငါကဝင်တားပေးနေတာပါ ငါကသူတို့ဘက်က
မဟုတ်ပါဘူး နင့်ကိုပိုပြီးကာကွယ်ပေးချင်ရုံပါ
အဲ့ဒါကြောင့်မို့လည်း နင့်နောက်ကိုလိုက်လာ
တာပဲလေ

Jennie လည်း Jisoo ကိုသေချာကြည့်လိုက်ပြီး

Jennie: Yaaa...
နင်အခုငါ့ကိုသနားနေတာလား?
ငါ့ဘက်မှာဘယ်သူမှမရှိလို့ သနားပြီး
ကာကွယ်ပေးတာဆိုရင်တော့ သူတို့ဆီပဲ
သွားလိုက်တော့ ငါမလိုအပ်ဘူး

Jisoo: သနားလို့ နင့်ဘက်မှာဘယ်သူမှ
မရှိလို့ ကာကွယ်ပေးချင်တာမဟုတ်ပါဘူးဟာ
နင်ငါ့ကိုမလိုအပ်ဘူးဆိုတာသိပေမယ့်
ဒီအတိုင်း ကာကွယ်ပေးချင်တာ မရဘူးလား?

Jennie လည်း Jisoo ကို ကြည့်ပြီး

Jennie: နင်ကငါ့အပေါ်ကောင်းသလောက်
Chaengကတော့ ငါ့ကိုလုပ်ရက်လိုက်တာဟာ

မျက်ရည်ဝဲကာ ငိုချလိုက်တော့ Jisoo လည်း
Jennie ကိုဖက်ထားလိုက်သည်

Jisoo: Kim Jen ahh ...
အခုတော့ နင် ဝအောင် ငိုချလိုက်
နင်စိတ်ပြန်ကြည်သွားတဲ့အခါ သေချာစဉ်းစား
ကြည့်ပေါ့ Chaeng လည်း နင့်ကိုလိမ်ချင်လို့မှ
မဟုတ်ဘဲ သူလည်းနင့်ကိုတော်တော်
အားနာနေခဲ့တာဟ
ပြီးတော့ ... နင်လည်းလူတစ်ယောက်ပါပဲ
လိုအပ်တဲ့အခါ ငါ့ကိုခေါ်လိုက်ပေါ့
အခုတော့ နင်လည်းတစ်ယောက်တည်း
နေချင်မှာပေါ့ ငါအခုအိမ်ပြန်လိုက်ပို့ပေးမယ်

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Where stories live. Discover now