Episode 16 [Final - Unicode]

5.2K 196 27
                                    

Jennie: ပြောစရာရှိတယ်ဆို?
ဘာပြောမလို့ လဲ? မြန်မြန်ပြော
ငါ့မှာအချိန်သိပ်မရှိဘူး

Rose': Yaaa ... Jen
နင် Ji ကို သူငယ်ချင်းလိုပဲနေကြဖို့
ပြောလိုက်တယ်ဆို?

Jennie: အင်း ...

Rose': Wae?

Jennie: သူငယ်ချင်းတွေလေ
ငါတို့ကသူငယ်ချင်းတွေမလို့ပေါ့
သူငယ်ချင်းတွေဆိုတာမတွဲတာအကောင်းဆုံးပဲ
တွဲပြီးလို့ပြတ်သွားခဲ့ရင် သူငယ်ချင်းတွေကနေ
သူစိမ်းတွေဖြစ်သွားကြမှာလေ အဲ့လိုတွေ
ဖြစ်မလာအောင် အခုတည်းက မတွဲကြတာ
အကောင်းဆုံးပေါ့

Rose': အဲ့ကိစ္စနောက်မှပြောမယ်
ငါတို့ကိစ္စအရင်ရှင်းကြတာပေါ့
Jen ... နင် ငါနဲ့ Lisa ကြောင့်ထွက်သွားမယ်ဆို
မသွားပါနဲ့လား?
ငါတို့လည်း သူငယ်ချင်းတွေပဲလေ
ဒီလိုကိစ္စနဲ့တော့ စိတ်ဆိုးရန်ဖြစ်ပြီး
စိတ်ဝမ်းကွဲစရာမလိုဘူးမလား?

Jennie: အဲ့ကိစ္စကြောင့်နဲ့ ဒီနိုင်ငံကထွက်သွား
တယ်လို့ ဘာလို့များထင်တာလဲ Chaeng?
စိတ်ဆိုးခဲ့မိတာမှန်ပေမယ့် အဲ့ကိစ္စကြောင့်
မဟုတ်ဘူးနော် ငါ့အိပ်မက်ကိုအကောင်အထည်
ဖော်ဖို့ပါ တကယ်က Appa က ငါ့ကိုသူ့ ဆီ
လာဖို့ ပြောတယ် ပြီးတော့ သူ့ သူငယ်ချင်း
တစ်ယောက်က နာမည်ကြီး Company
တစ်ခုရဲ့ CEOလေ ပြီးတော့ ငါ့ကို Model
ကောင်းတစ်ယောက်ဖြစ်လာအောင်
ပျိုးထောင်ပေးမယ်ဆိုပြီးကမ်းလှမ်းလာတယ်
ငါလည်း ဒီလိုအခွင့်အရေးမျိုးကိုလက်မလွှတ်
သင့်ဘူးလေ အဲ့တော့ ငါသွားဖို့ ဆုံးဖြတ်လိုက်တာ
ငါနင့်တို့ ကိုစိတ်မဆိုးပါဘူး

Rose': Jen ahh ... အဲ့လိုဆိုလည်း
စောစောကပြောရောပေါ့ ငါကစိတ်ဆိုးတယ်
ထင်ပြီး နေရခက်နေတာ

ပြောရင်း အော်ကြီးဟစ်ကျယ်ငိုချလိုက်တော့
Lisa လည်းပြေးလာပြီး

Lisa: Chaeng ... Chaeng ...
Wae? Wae? ဘာလို့ ငိုတာလဲ?

Jennie လည်းရယ်ရင်း

Jennie: Ya ... Park Chaeng ...
မသိတဲ့သူတွေက ငါတစ်ခုခုပြောလိုက်လို့
နင်ငိုတယ်ထင်နေဦးမယ် မငိုနဲ့ တော့

Rose' လည်း မျက်ရည်တွေသုတ်ပြီး

Rose': Arrnyiya Lisa ...
Chaeng ဘာသာ Chaeng ငိုတာပါ
Jen ကအထင်လွဲတယ်ထင်နေတာ
Chaeng ကသာအထင်လွဲနေတာတဲ့

တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည် [ Unicode+Zawgyi ]Where stories live. Discover now