Aho Girl (1)

1.1K 61 1
                                    

Unicode

"အဲ့တော့...ဇာတ်ညွှန်းနဲ့
mission ပြောပြလေ.."

"host ပြောတော့
မှတ်မိတယ်ဆို"

"အင်းလေ ဒါပေမယ့်
ပြောပြပေါ့ ပြောပြလိုက်လို့ဘာမှ
မဖြစ်သွားဘူးလေ right? "

"host ကလည်းလေကုန်တယ်
မလိုအပ်ရင်မပြောတော့ဘူးလေ
လိုမှမလိုအပ်တဲ့ဟာကြီးကို..."

"ကဲ..လျှာရှည်လိုက်တာ
ပြောဆိုပြောလိုက်ပေါ့
ဘာပဲဖြစ်ဖြစ် ပြောရမှာ မင်းတို့အလုပ်မလား"

"ဟွန်းးးး...ထားပါတော့
ပြောပြလိုက်မယ်
Aho Girl ရဲ့ ဇာတ်လိုက်က
Hanabatake Yoshiko တဲ့
အရမ်းတုံး အရမ်းအ အရမ်းရူး
banana ကလွဲရင် ဘာမှမသိတဲ့
အရူးမ..."

*ပြောသွားတာ ရက်စက်လိုက်တာ သနားပါတယ်*

"ပြီးရင် Akuru Akutsu တဲ့
စာတော်တယ် အနေအေးတယ်
ရုပ်ချောလားဆိုတော့ ကိုယ်တွေလောက်တော့မချောသေးပါဘူး"

"ဒါနဲ့နင့်ကိုနင် အခုခွေးဖြစ်နေမှန်းကော သတိရသေးရဲ့လား"

ဟာရန်းလေးသတိရသွားသည်
*ငါ...ငါ...ငါအခုခွေးဖြစ်နေတာပဲ*

"ဝါးးးး..အဲ့ဒါ host ကြောင့်
ဝါးးးး"

"အေးပါဟယ်...အေးပါ
တော်ပါတော့"

"ဟင့်..ဟင့်..story ပြောပြချင်စိတ်မရှိတော့ဘူး"😒

"ဟားး..ဟာရန်းးး သဲလေးကလဲ
ဟောဒီက မတ်မတ်ကိုပြောပြလိုက်လို့ ဟာရန်းရဲ့ အမွှေးတွေမကျွတ်သွားပါဘူးကွာ
ကဲ..ကဲ မြန်မြန်ပြောတော့
စောင့်ရတာကြာတယ်ကွာ"

"ထားပါတော့ ဒီတစ်ခါတော့ သဘောထားကြီးစွာနဲ့ ရုပ်ချော
စိတ်မနောကောင်းတဲ့ ဟောဒီက
ကျွန်တော် ဟာရန်းလေးက ပြောပြလိုက်မယ် "

"အေးပါ...အေးပါ..ပြောပြော"

"အဟမ်း..အဟမ်း ပြောနေတာဘယ်ရောက်သွားပြီလဲ
သြော်... Akuru Akutsu
သူကစာတော် ရုပ်ကမချောတချော ပြီးတော့ Hanabatake Yoshiko ကိုအရမ်းကိုမှအရမ်း
မုန်းတာ သူက ML ပေါ့"
"ပြီးတော့ host ဝင်စားရမယ့်သူက Hanabatake Yoshiko ကိုဝင်စားရမှာ"

"အိုး ok လေ သူ့ရဲ့ Quest က
သူ့အမေဖြစ်စေချင်တဲ့အတိုင်း​ အခုလိုရူးပြီး ကြောင်ကြောင်တောင်တောင် ဂေါက်သီးမဖြစ်တော့ဘဲ ယောကျာ်း တစ်ယောက်ရစေချင်တယ်တဲ့"

My Perfect System (Unicode  and Zawgyi)Where stories live. Discover now