Aho Girl (26)

251 26 0
                                    

Unicode

ဆောင်းရာသီအတွက်
ကျောင်းများသည်
စာမေးပွဲပြီးဆုံးသွားခဲ့သည့်
အချိန်မှစ၍ ပိတ်ထားခဲ့သည်။
လွန်းဟန်နီ တစ်ယောက်ကတော့
အားလပ်ချိန်အများအပြားရရှိနေလေသည်။
စနေနှင့် တနင်္ဂနွေနေ့များမှလွဲ၍
တနင်္လာနေ့မှသောကြာနေ့ထိတိုင်
မနက်ပိုင်းသည် အားလပ်နေခဲ့သည်။
သို့သော် သူမသည် ထိုကဲ့သို့ အချိန်ဖြုန်းနေရသည်ကို ကြိုက်နှစ်သက်သော်ငြား နောက််ပိုင်းတွင် ပျင်းလာခဲ့သည်။
ထို့​ကြောင့် တနင်္လာနေ့မှသောကြာနေ့များတွင် မနက်ပိုင်းကို
စာကြည့်တိုက်သွားပြီး
Hanabatake Yoshiko ၏အနာဂတ်အတွက်
လိုအပ်သည်များကို ကြိုတင်အစီအစဉ်ချလေသည်။
သူမ မှန်းဆမိတာတော့
သူမသာဒီကမ္ဘာကနေထွက်ခွာသွားပြီးလျှင် Hanabatake Yoshiko သည် သူမနေရာတွင်ဝင်ရောက်လာလိမ့်မည်ဟုခန့်မှန်းမိသည်။

ဒီလိုနှင့်ပင် Christmas နေ့သို့
ရောက်လာခဲ့သည်။
Tatsuki Iincho သည်
Christmas နေ့ကျလျှင် သူနှင့်
Date လုပ်ရန်ချိန်းထားလျက်
Jakatsu Yukai ကတော့
ထိုနေ့ကျလျှင် ဆရာနှင့်အတူ
ထမင်းစားရန်ဖိတ်ခေါ်ထားသည်။
နှစ်​ယောက်လုံးကိုလည်း ငြင်း၍မရပေ။
Tatsuki Iincho ကတော့
Points တွေကြောင့်ဖြစ်ပြီး
Jakatsu Yukai တို့ကတော့
မိသားစုလိုမျိုး နှစ်တိုင်း
ထမင်းစားလေ့ရှိသည်။
ထို့​​ကြောင့် ယခုနှစ်တွင်
သူမသည်လည်း သူတို့မိသားစုဝင်
တစ်ဦးဖြစ်လာခဲ့သေယကြောင့်ပင်။
ထို့အပြင် သူမအမေကလည်း
ညစာအတူတူစားမည်ဟုပြောလာသည်။
အမှန်တကယ်လည်း အတူတူစားရမည်မဟုတ်ပါသလား။

ငါ့ခန္ဓာကိုယ်ကို ဓားနဲ့သာပိုင်းပြီး
သွားတော့မယ်...

ထို့ကြောင့် သူမအစီအစဉ်တွေဆွဲရပါတော့သည်။
Tatsuki Iincho နှင့်တော့
မနက်နှင့်နေ့လည်ပိုင်းတစ်ခုလုံကို
Date လုပ်ကြမည်ဖြစ်ပြီး
ကျန်သည့်နေလည်တစ်ပိုင်းနှင့်
ညနေအထိကို ဆရာတို့နှင့် အချိန်ကုန်ဆုံးမည်ဖြစ်သည်။
ညရောက်လျှင်တော့
သူမ၏အမေနှင့်အတူ
ညစာစားမည်ဖြစ်သည်။

ဂွတ်ဒ် အကုန် အိုစကေပဲ

=========================

Christmas နေ့

ရဲတောက်ပြီး လှပသောနေသော
သူရိန်နေမင်းကြီးသည်
အချိနိတွေရွေ့လျားနေသကဲ့သို့
တဖြည်းဖြည်းချင်း ကောင်းကင်ယံထက်၌မြင့်တက်လာလေ၏။
သို့သော် ထိုလှပသောနေမင်းကြီးကို မမြင်နိင်လှအောင်ပင်
ဆောင်းရာသီ၏ အအေးဓာတ်တစ်ဖြစ် မြူတွေကဖုံးလွှမ်းထားပေ၏။
အခန်းတစ်ခန်းထဲရှိ ကုတင်လေးတစ်ခုပေါ်တွင်တော့ မိနိးကလေးတစ်ယောက် ဒူးကိုကိုင်၍ ထိုင်နေလေသည်။
ထိုမိန်းကလေးကတော့
လွန်းဟန်နီ ပင်ဖြစ်သည်။
သိပ်မကြာခင်ပင် အသံတစ်သံထွက်ပေါ်လာသည်။
အလန်းသံအကျယ်ကြီးတစ်ခုကို
ကြားလိုက်ပြီးနောက်မှာတော့
မှိုင်တွေဝေနေရာမှ လွန်းဟန်နီ ပြန်သတိရသွားသည်။
သူမယနေ့ အလန်းမမည်ခင်ကတည်းက နိုးနေခြင်းဖြစ်သည်။
အလန်းကိုပိတ်လိုက်ပြီး
ပြတင်းပေါက်နားသွားကာ
လိုက်ကာအားဖွင့်လိုက်ပြီး
အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

My Perfect System (Unicode  and Zawgyi)Where stories live. Discover now