Aho Girl (10)

413 39 0
                                    


Unicode

နီရဲရဲနေလုံးကြီး သည်
အချိန်မှန်စွာ ကောင်းကင်အထက်
ပေါ်ထွက်လာသည်
ထို့နောက်မကြာလိုက်
လွန်းဟန်နီ ၏
အလန်းသံပေါ်ထွက်လာသည်
လွန်းဟန်နီ အိပ်ရာမှထကာ
ရေချိုးရန်ပြင်ဆင်လိုက်သည်
ထို့နောက် ရေချိုးခန်းသို့ဝင်ပြီး
ခေါင်းလျှော် ရေချိုးလိုက်သည်
ရေချိုးပြီးနောက်
သူမခေါင်းထဲသို့
အကြံတစ်ခုဝင်လာသည်
(ဟာရန်း)

(ဟုတ်)

(ငါ့မှာ တောင်းဖို့ဆုနှစ်ခု
ကျန်သေးတယ်မလား)

(အဲ့ဒီတော့)

(ငါအခု ဆုတစ်ခုတောင်းမယ်)

(တောင်းပါ)

(ငါနဲ့ ၃မီတာအကွာအဝေးကိုရောက်လာရင် သူတို့အကြိုက်ဆုံး
အနံရအောင်လုပ်ပေး
အကယ်လို့ ငါရေမချိုးရင်တောင်မွှေးနေတာမျိုးပေါ့)

(Host ညစ်ပတ်ကြီး!!)

(ဟဲ့ ငါက​သဘောပြောတာလေ)

(ပေးပြီးပြီ)

(အင်း ဒါပေမယ့် ကျောင်းရောက်မှလုပ်နော်)

(ဟုတ်)

ထို့နောက် သူမ၏ကျောင်းဝတ်စုံအား သေသေချာချာ ဝတ်ဆင်လိုက်သည်
ထို့နောက်သူမ၏ဆံပင်အား
တစ်ဝက်ကိုထုံးစီး၍
တစ်ဝက်အားအောက်တွင်
ချထားလိုက်သည်
သူမ၏အရင်ဘဝတွင်လည်း
ထိုကဲ့သို့အမြဲစီးလေ့ရှိသည်
သူမထိုကဲ့သို့စီးလိုက်ခြင်းအားဖြင့်
ပို၍ ယဉ်သောကိုယ်ရှိန်ကိုယ်ဝါ
ရစေသည်

(ဟာရန်း Aura ထုတ်ပြီးပြီလား)

(ဟုတ် ထုတ်ပြီးသားပါ)

(အင်း တော်တယ်
ဒီဘဝမှာပြန်မရုတ်နဲ့တော့)

(ဟုတ်ကဲ့ပါ)

ထိုအချိန်တွင် တံခါးပွင့်လာသည်

"Yoshiko ထတော့......"

"Akkun Ohaiyo"

"နိုးနေပြီလား "

"အင်း နိုးနေပြီ
အောက်ဆင်းရအောင်"

"အင်း"
(ေကာင်းတယ်
ငါလာနှိုးစရာ မလိုတော့ဘူး
အမြဲတမ်းသာ
ဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲ)

(Host! Akuru Akutsu
ရဲ့ Love Point 5%
တက်သွားပါတယ်
လောလောဆယ် 14%ပါ)

(သူ့ကို ဒုက္ခမပေးတာနဲ့
Love Points တွေတက်လာတယ်တဲ့
ဘယ်လောက်တောင် ကောင်းလိုက်သလဲ)

My Perfect System (Unicode  and Zawgyi)Where stories live. Discover now