Aho Girl (27)

245 27 0
                                    

Unicode

စားသောက်ဆိုင်လေးတစ်ခု၏
မှန်ခြားထားသော
နေရာနှစ်ခု၏ လေထုသည်ကွဲပြား
ခြားနားနေခဲ့သည်။
စားသောက်ဆိုင်၏ အတွင်းတွင်တော့ နွေးထွေးပြီး တိတ်ဆိတ်နေကြပြီး စားသောက်ဆိုင်၏အပြင်ဘက်တွင် အေးစက်နေသော်ငြား
စည်ကားနေပြီး ပျော်ရွှင်နေကြကာ ဆူညံမှုတွေဖြင့်ပြည့်သိပ်နေခဲ့သည်။

သိပ်မကြာခင် Tatsuki Iincho
ပြန်လာခဲ့သည်။
သူ့ရဲ့လက်ထဲတွင် ကြီးမားသော တစ်စုံတစ်ရာကို ကိုင်ဆွဲထားခဲ့သည်။
လွန်းဟန်နီ ထိုအရာကိုကြည့်ရင်းနေဖြင့်ပင် အနဲငယ်ထိန့်လန့်သွားထခဲ့သည်။

"Merry christmas ပါ"

"Senpai...ဒါ ဒါက..."

"ကြုက်လား"

စကားပင်ပြန်မပြောနိုင်ခဲ့ပေ။
သူယူလာခဲ့သည့်အရာကတော့
အခြား ဟာမဟုတ် ဂစ်တာတစ်ခုပင်ဖြစ်သည်။

ဂစ်တာ၏အသားသည် ချောမွေ့ပြောင်လက်နေပြီး ကနုတ်ကလေးတွေကို သေချာအနုစိတ်ဆင်ထားသည်မှာ မြင်သာသည်။ကြည့်ရင်းနှင့်ပင် အားနာလာသည်။သူမသည် ထိုကဲ့သို့ စျေးကြီးသောအရာများကို လက်ဆောင်အဖြစ် လက်ခံလေ့မရှိ ။အားနာတတ်လွန်းသောကြောင့်လည်းကောင်း၊ ထိုကဲ့သို့ ကြီးမားသောအကြွေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဂစ်တာ၏အသားသည် ချောမွေ့ပြောင်လက်နေပြီး ကနုတ်ကလေးတွေကို သေချာအနုစိတ်ဆင်ထားသည်မှာ မြင်သာသည်။
ကြည့်ရင်းနှင့်ပင် အားနာလာသည်။
သူမသည် ထိုကဲ့သို့ စျေးကြီးသောအရာများကို လက်ဆောင်အဖြစ် လက်ခံလေ့မရှိ ။
အားနာတတ်လွန်းသောကြောင့်လည်းကောင်း၊ ထိုကဲ့သို့ ကြီးမားသောအကြွေးများကို
လက်မခံချင်သောကြောင့် ဖြစ်သည်။
သူမ မှင်သက်ကာ ဂစ်တာကိုပဲ
ကြောင်ကြည့်နေမိသည်။
သူမစိတ်ထဲတွင်တော့ လက်ခံသင့် မလက်ခံသည့် တွေးတောနေသည်။

"Shiko.....မကြိုက်လို့လား"

Tatsuki မျက်နှာသည် ညှိုးနွမ်းနေပြီး ကောင်းကင်ပြိုတော့မည့်ပုံပင်ဖြစ်နေသည်။
သခင်စိတ်ကွက်မည်ကို စိုးရိမ်နေသော ခွေးကလေးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။
သူ့ကိုမြင်ရုံနှင့်ပင် သနားစိတ်များဝင်လာခဲ့ပြီး အကုန်လိုက်လျောချင်စိတ်များ တဖွားဖွားဖြစ်လာလိမ့်မည်။

My Perfect System (Unicode  and Zawgyi)Where stories live. Discover now