Aho Girl(11)

408 35 0
                                    

Unicode

Akuru Akutsu ကျောင်း
ထဲမဝင်ခင် အနံတစ်ခု
ရလိုက်သည်
အေးအေးလေးနဲ့
ဆွဲဆောင်နိုင်တယ်
မြက်ပင်ကလေးတွေရဲ့
အနံ့အတိုင်းပဲ

"Yoshiko နင်အနံတစ်ခုရမိလား
မြက်လိုလို အနံ့လေ"

(ဪ...သူကြိုက်တဲ့ အနံ့က
မြက်တွေရဲ့ အနံလား)
"ဟုတ်လား ငါတော့ဘာအနံမှမရဘူး"

"အင်းး ဟုတ်လား"
(ငါပဲမှားနေတာလား)

ထို့နောက်သူတို့တွေဝင်လိုက်သည်နှင့်တစ်ပြိုင်နက်
သူတို့တွေအကြည့်တွေကို ခံစားမိလိုက်သည်
Yoshiko ကို ကြည့်နေကြခြင်း
ဖြစ်သည်

"ဟယ်...အဲ့ဒါဘယ်သူလဲ
အသစ်ပြောင်းလာတာလား "

"ဟုတ်လောက်တယ်"

"ချစ်စရာလေး"

"ဘေးကရောဘယ်သူလဲ"

အဲ့လို တစ်ယောက်တစ်ပေါက်ပြောနေကြသည်
Akuru Akutsu ကတော့

(သူတို့တွေ...ငါတို့ကိုပြောနေတာလား
ငါနဲ့...Yoshiko လား....)

ထိုကဲ့သို့ပင် သူတို့
အခန်းထဲရောက်သည်အထိ
မျက်လုံးများက
လိုက်ကြည့်နေဆဲ​ြဖစ်သည်

"Ohaiyo"

တစ်ခန်းလုံး
ပြောနေသည့်စကားများ
ရပ်တန့်သွားသည်
အပ်ကျသံပင်မကြားရတော့
နောက်တစ်ဖန် ပြန်လည်၍
ဆူညံလာပြန်သည်

"သူတို့တွေပြောတဲ့
ကျောင်းပြောင်းလာသူလား"

"နာမည်ကဘယ်သူလဲ"

"လှရက်လိုက်တာ"

"ချစ်စရာလေး"

"သူငယ်ချင်းဖြစ်ချင်လိုက်တာ"

"ငါသူမကို ငါ့ ချစ်သူဖြစ်အောင်လုပ်ရမယ်"

"လဲသေလိုက်
တန်ရာတန်ရာ မှန်း"

"ငါသူ့ကို နာမည်သွားမေးလိုက်အုံးမယ်"

စကားသံတွေဖြင့်ဆူညံနေတုန်း

"YOSHIKO-CHAN!!!!"
ဟု ချစ်လှစွာသော
သူငယ်ချင်းလေး
Sumino Sayaka မှ
အော်ခေါ်လိုက်ခြင်းဖြစ်သည်

"အင်း"

ထပ်ပြီး တစ်ခန်းလုံး
တိတ်ဆိတ်သွား​ပြန်သည်

My Perfect System (Unicode  and Zawgyi)Where stories live. Discover now