1

2K 273 6
                                    

Unicode

အပိုင်း - ၁

"မင်းရုပ်က ဘယ်လိုဖြစ်နေရတာလဲ"

အဖြူအစိမ်းကျောင်းသားလေးတချို့ဟာ ကော်ရစ်တာတစ်လျှောက်မှာ ပြေးလွှားနေကြပြီး တချို့က အတန်းထဲမှာ စကားများနေကြတယ်။ တချို့ကတော့ စာရေးစားပွဲခုံတွေပေါ်မှာ မှောက်အိပ်နေကြတာပေါ့။ ဒါကကျောင်းတက်ခေါင်းလောင်း မမြည်သေးတာကြောင့် သူတို့တွေ လွတ်လပ်နေတယ်လို့ ပြောပြနေ သလိုပါပဲ။

"ကော်ရစ်တာမှာ မပြေးနဲ့လို့ နင်တို့ကို ဘယ်နှစ်ခါပြောရမှာလဲ!"

ခပ်လှမ်းလှမ်းကနေ အသံပြဲပြဲနဲ့အော်တဲ့ ဆရာမတချို့ရဲ့အော်သံတွေလည်း ရှိနေသေးတယ်။ ကျောင်းဖွင့်ချိန်ဟာ မိုးတွင်းဖြစ်တာမို့ မုန့်စားဆင်းချိန်တိုင်း ရွာတတ်တဲ့မိုးဟာလည်း အပြင်ဘက်မှာ တဖွဲဖွဲနဲ့။

"ဘာဖြစ်နေလို့လဲ"

ကျောင်းပြတင်းအပြင်ဘက်က မိုးစက်တွေကို ရန်သူတစ်ယောက်လို ကြည့်နေတဲ့ ကောင်လေး တစ်ယောက်က သူ့သူငယ်ချင်းဘက်လှည့်လာတယ်။

"မင်း ညီမကို ဘယ်သူက ဖွန်ကြောင်ပြန်တာလဲ"

ဒီကောင်လေးရဲ့ မျက်နှာအခုလိုဖြစ်တာက သူတို့ပြောတဲ့ အကြောင်းတစ်ခုကြောင့် အမြဲတမ်း ဖြစ်နေပုံပါပဲ။ ကောင်လေးရဲ့ပိုပြီး ပုတ်သိုးသွားတဲ့မျက်နှာက သူ့သူငယ်ချင်းတွေ အဖြေမှန်သွားကြောင်း သက်သေထူနေခဲ့တယ်။

"ခန့်ညား... ခန့်ညား ငါတို့ ခန့်ခန့်လေးရဲ့ မိုင်းဗုံးကို ဘယ်သောက်ရူးက စနက်တံဆွဲဖြုတ် လိုက်တာလဲ"

ပခုံးဖက်ပြီး လာနောက်နေတဲ့ သူငယ်ချင်းကို ကောင်ကလေးက မကြည်သလိုကြည့်တယ်။ သူ့ရဲ့ လူမိုက်ပုံမဖြစ်ဖြစ်အောင် အတင်းထောင်ထားတဲ့ ဆံပင်ကေနဲ့မလိုက်ဖက်တဲ့ မျက်နှာနုနုလေးပေါ်က နှုတ်ခမ်း တွေက စိတ်ပိုမကြည်တာကြောင့် ကုတ်ကျသွားလေရော။

"ငါ့ညီမကျောင်းရှေ့မှာ ကောင်တစ်ကောင်က သွားသွားစောင့်နေတယ်"

"ဟမ်"

ခန့်ညားမောင်ဆိုတဲ့ ဒီကောင်ကလေးဟာ ယောကျာ်းလေးကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ မြတ်နိုးမောင်ကတော့ မိန်းကလေးကျောင်းမှာ တက်နေ တာပါ။ မောင်နှမနှစ်ယောက်က တစ်နှစ်ကြီး တစ်နှစ်ငယ်ပဲဖြစ်တာမို့ ခန့်ညားမောင်နဲ့သူ့ညီမလေးရဲ့ ဆက်ဆံရေးဟာ အတော်လေးကို တရင်းတနှီးရှိလေရဲ့။ ယောကျာ်းလေးမိန်းကလေးဖြစ်ပေမဲ့လည်း သူတို့က အမြဲတမ်းအတူတူဆော့ကြပြီး အမြဲတမ်းနီးပါးတပူးတွဲတွဲရှိတတ်ကြတယ်။ ကျောင်းတက်ချိန်ကလွဲရင်ပေါ့။ ကျောင်းသာမကွဲရင် သူတို့က အတန်းထဲမှာလည်း အမြဲတမ်း အတူတူရှိနေလောက်ပါသေးတယ်။

The One I Like Is You [Own Creation]Where stories live. Discover now