9

960 215 4
                                    

Unicode

နောက်နေ့တွေမှာ သူတို့ရဲ့ဆက်ဆံရေးက ဟိုးအစကလို ပြန်ဖြစ်သွားတော့တယ်။ ဟိုးအစကလို အေခန်းက ကောင်လေးက အေခန်းကကောင်လေးလို ဒီခန်းကကောင်လေးက ဒီခန်းကကောင်လေးလို။ အဆက်အဆံမရှိကြတော့ဘူး။

"မင်းတို့ ရန်ဖြစ်ထားတာလား"

ကော်ရစ်တာမှာ တွေ့ကြတာတောင်မှ ပြုံးပြသွားတာမျိုးမရှိတဲ့ ဝေယံကိုကိုကြောင့် ခန့်ညားမောင်ရဲ့ သူငယ်ချင်းတွေက ခပ်တိုးတိုးမေးတယ်။

"ငါတို့က ဘယ်တုန်းက ရန်မဖြစ်ဘဲနေလို့လဲ"

ခန့်ညားမောင်စကားက မှန်သလိုရှိနေပေမဲ့ တစ်ခုခုတော့ မှားနေသေးတယ်လို့ ကောင်ကလေးတွေ သိကြတယ်။ ဘယ်အရာက မှားနေတာလည်းဆိုတာကို သူတို့ မသိကြဘူး။ သူတို့က ရည်းစားမထားဖူးကြတဲ့ အသစ်စက်စက် လူပျိုပေါက်ကလေးတွေလေ။ ဒါကြောင့် ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ အကြောင်းကို သူတို့ မသိကြဘူး။

"သူကမင်းကို အဲ မင်းညီမကို စိတ်မဝင်စားတော့ဘူးလား"

စပ်စပ်စုစုမေးတဲ့ သူ့သူငယ်ချင်းတွေကို ခန့်ညားမောင် စိတ်မပါသလိုကြည့်တယ်။ အနောက်ကို တစ်ချက်လှည့်ကြည့်တဲ့အချိန်မှာ စာအုပ်တွေသယ်သွားတဲ့ ဝေယံကိုကိုရဲ့ကျော ကိုပဲ သူ မြင်လိုက်ရတယ်။ ဘာလို့ ဝေယံကိုကိုက သူ့အိမ်က ပြန်လာပြီးနောက်တစ်နေ့မှာ စိမ်းကားသွားမှန်း သူ မသိဘူး။ ငြင်းလိုက်တာ သူဖြစ်ပေမဲ့ အကြည့်တစ်ချက်တောင် မရတဲ့ အချိန်မျိုးမှာ သူ့စိတ်က မကျေနပ်နိုင်ခဲ့ဘူး။ ဒီလိုမျိုး ခံစားနေရတာကိုလည်း သူ့ကိုယ်သူ မုန်းမိ ပါတယ်။ တကယ်ဆိုရင် ငြင်းလိုက်တဲ့လူက အခုလိုမျိုး ဖြစ်နေစရာ အကြောင်းကို မရှိဘူး မဟုတ်လား။

"မသိဘူးလေ လူတွေက တစ်ယောက်ယောက်ကို အကြာကြီး စိတ်မဝင်စားတတ်ကြဘူး ထင်ပါတယ်"

ဒီစကားကိုပဲ သူ လေသံပျော့ပျော့နဲ့ ပြောဖြစ်လိုက်တယ်။

ခန့်ညားမောင်ရဲ့နေ့ရက်တွေက သိပ်မကြာခင်ရက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာ တယ်။ ဝေယံကိုကိုနဲ့လမ်းမှာ မတော်တဆကြုံကြိုက်ခဲ့ရင်တောင် ဝေယံကိုကိုက သူ့အတွက် အေခန်းက ကောင်လေးတစ်ယောက်လိုပါပဲ။ တစ်ကျောင်းတည်း ဒါပေမဲ့ သူတို့က မရင်းနှီး ကြဘူး။ လူငယ်တွေရဲ့ အာရုံတွေက ပြောင်းလဲဖို့ သိပ်လွယ်ကူတယ်။ အထူးသဖြင့် ခပ်ဆိုးဆိုးနဲ့ လုပ်ချင်ရာလုပ်တတ်တဲ့ ဒီခန်းက ကောင်လေးတွေ အတွက်ပေါ့။

The One I Like Is You [Own Creation]Onde as histórias ganham vida. Descobre agora