6

987 206 10
                                    

Unicode

အပိုင်း - ၆

"ဝေယံက စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ အစ်မ စိတ်ပူစရာမလိုပါဘူး"

အခန်းထဲက ထွက်လာတဲ့အချိန်မှာ သူ့အမေက သူ့ဆရာမနဲ့ စကားပြောနေခဲ့တယ်။ အမြဲတမ်းသူ့အချိန် တွေက ကျောင်းချိန်နဲ့ ကျူရှင်ချိန်တွေနဲ့ပဲ ပြည့်နှက်နေတာ အလယ်တန်း လောက်ကတည်းပဲ။ ဘာသာစကားတွေ၊ ကျောင်းစာတွေ၊ တခြားသင်တန်းတွေ။ အမြဲတမ်း သူက မေမေ့ရဲ့ သားလိမ္မာလေးဖြစ်နေအောင် ဘက်စုံတော်ဖို့ ကြိုးစားနေရတယ်။ တစ်ခါ တလေမှာ မျောက်ကောင်တွေလို ဘောလုံးကန်ချင်စိတ်ဖြစ်လာပေမဲ့ သူဘောလုံးကန်ချင်တယ် ဆိုရင် သူ့အိမ်က သူ့ကို သင်တန်းထားပြီး သေချာပျိုးထောင်ပေးလိုက်မယ်။ မူလတန်းလောက် မှာ သူငယ်ချင်းတွေနဲ့အတူ နွေရာသီကိုယ်ခံပညာသင်တန်းလေး တိုက်ချင်လိုက်တာကနေ အခု ချိန်ထိ အမြဲတမ်း လေ့ကျင့်ရအောင် သူ့မိဘတွေ လုပ်ထားတာကို မမေ့သေးဘူး။

"သား ဘယ်သွားမလို့လဲ"

အပြင်ထွက်ဖို့ပြင်နေတဲ့ သူ့ကို သူ့အမေလှမ်းမေးတယ်။

"သား အပြင်ကို လေလေးဘာလေးထွက်ရှူမလို့ စာနောက်တစ်ခေါက်ပြန်မလုပ်ခင်"

အပြင်ထွက်တာကို သဘောမကျတတ်တဲ့မိခင်က စာလုပ်မယ်ပြောလိုက်တာနဲ့ ဘာမဆို ပေးလုပ်တတ်တာကို သူ သိတယ်။

"အေးအေး သိပ်မကြာနဲ့နော်"

ပြီးတော့အမေက တက္ကသိုလ်ရဲ့ကထိကကို အိမ်ပြန်ပို့ဖို့အတွက် ကားသမားကို ခေါ်နေသံ ကြားလိုက်တယ်။ ညဘက်မှာ သူခြေဦးတည့်ရာပဲ လျှောက်လာခဲ့လိုက်တယ်။ မြို့ပြရဲ့ ညတွေ ကတကယ်တော့ စိတ်ကူးယဉ်စရာ မကောင်းပါဘူး။ ဆူညံပြီး လူသွားလူလာမပြတ်တဲ့လမ်း တွေနဲ့ အရှုံးသမား၊ အမူးသမားတချို့နဲ့။

သူ့ဘေးကနေ အမူးသမားတချို့ ဖြတ်သွားတာကို မြင်လိုက်တာကြောင့် ဘာရယ် မဟုတ်ဘဲ ခန့်ညားမောင်ကို သူ သတိရလိုက်တယ်။ ဪ... သူ မိန်းကလေးကျောင်းဘက်ကို သွားမကြည့်ဖြစ်တာ တစ်ပတ်လောက်တောင် ရှိပြီပဲ။ သူ့ခြေလှမ်းတွေက အကြောင်းမရှိဘဲ ကျူရှင်ဘက်ကို ရောက်လာတော့တယ်။ အမူးသမားတွေနဲ့ တွေ့လိုက်ပြီးကတည်းက သူ့အိမ်က ကျူရှင်ကို မပို့တော့ဘူး။ ဆရာမကိုပဲ အိမ်ကို ခေါ်သင်လိုက်တော့တယ်။ ပိုးမွေးသလိုမွေးရ အောင် သူက မင်းသမီးလေးလည်း မဟုတ်။

The One I Like Is You [Own Creation]Where stories live. Discover now