2

1.1K 231 6
                                    

Unicode

အပိုင်း - ၂

သူ့ညီမလေး ချစ်စရာကောင်းပြီး လှတာကိုသိပေမဲ့ တခြားကောင်လေးတွေ အပိုင်ရမှာကို ခွင့်ပြုတာတော့ သူမလုပ်နိုင်ပါဘူးလို့ ခန့်ညားမောင် ခံယူထားတယ်။ သူ့ညီမလေးကိုက သူပဲပိုင်ရမှာဖြစ်ပြီး သူတို့တွေက ဘာဘာညာညာစဉ်းစားဖို့ သိပ်ငယ်သေးကြတယ်။ နောက်ပြီး သူ့ရဲ့ အူပုတ်တတ်တဲ့ အကျင့်ကို ညီမလေးက ဘာမှ မပြောဘူး အဲ့ဒီအစား ညီမလေးကလည်း သူ့ကို အူပြန်ပုတ်ပါတယ်။ ညီမလေးရဲ့သူငယ်ချင်းတွေက သူ့ကို ခင်မင် ရင်းနှီးခွင့်တောင် မရှိရှာဘူး။

ဒီလိုမျိုးက အဆင်မပြေပါဘူးလို့ လူတိုင်းကပြောကြတယ်။ အမြဲတမ်း မောင်နှမနှစ်ယောက်က အတူတူ မရှိနိုင်ဘူးလို့ လူတွေက ပြောကြသေးတယ်။ ဒါပေမဲ့ ပြောတဲ့လူတွေက သူတို့မဟုတ်တာကြောင့် ခန့်ညားမောင်နဲ့ မြတ်နိုးမောင်က တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကြီးလွန်းတာကို လျှော့ဖို့အတွက် ပြောကြတဲ့လူတွေ စကားကိုနားမထောင်ကြဘူး။ အမြဲတမ်း တစ်ယောက်လိုအပ်တဲ့အချိန်မှာ ဒီတစ်ယောက်ပဲရောက်လာတတ်တာကို သူတို့နှစ်ယောက်အပြင် ဘယ်သူမှမသိပါဘူး။

"ကိုကို..."

"အင်း"

ညဘက်ဂိမ်းဆော့နေတဲ့သူ့ကို ညီမလေးက ပန်းသီးခွံ့ရင်း ခေါ်တယ်။

"နင်တို့ကျောင်းက ကောင်က ဘာဖြစ်ချင်နေတာလဲ"

သူတောင် သတိပြုမိမှတော့ သူ့ထက် လူရိပ်ဖမ်းတာတော်တဲ့ သူ့ညီမက ဝေယံကိုကိုဆိုတဲ့ ငနဲသားကို သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူး။ ညီမလေးရဲ့အလိုက်သတိ ပန်းသီးခွံ့တာခံရလို့ ပျော်မြူးနေတဲ့ ခန့်ညားမောင်ရဲ့ ရုပ်လေးက တစ်မုဟုတ်ချင်း လငပုတ်ဖမ်းသလို မည်းမှောင်သွားရတော့တယ်။

"နင့်ကို လိုက်နေတာ နေမယ်..."

"အင် ဟုတ်လား"

"ဘာလဲ နင် စိတ်ဝင်စားလို့လား"

တစ်ယောက်နဲ့တစ်ယောက် အူပုတ်ကျပေမဲ့ သူတို့က ကိုယ်စိတ်ဝင်စားတဲ့လူရှိလာရင် ပြဿနာမရှာပါဘူး လို့လည်း အချင်းချင်း ကတိစကားခံထားဖူးတယ်။ ရုတ်တရက် ခန့်ညားမောင် ရင်ထဲမှာ ပူသွားသလိုပဲ။ တကယ်လို့ အငယ်မကသာ စိတ်ဝင်စားတယ်ဆိုရင် ဟိုက်ပါကောင်ကို သူ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ညီမလေးကို တခြားလူတစ်ယောက်နဲ့ တွဲမြင်ရမဲ့ အရေးကတော့ သူ့ရင်ကို ပူစေတာပေါ့။

The One I Like Is You [Own Creation]Where stories live. Discover now