5

1K 200 5
                                    

Unicode

ခန့်ညားမောင်ရဲ့ သူ့ညီမလေးနဲ့ တစ်လောကလုံးကို ဆက်ဆံတဲ့ မတူညီတဲ့ အပြုအမူ တွေက ဝေယံကိုကိုကို စိတ်ဝင်စားစေတယ်။ ခန့်ညားမောင်က သူ့ညီမလေးကို မညည်းမညူ မနက်အစောကြီး ကျောင်းပို့သလို သူ့ညီမလေးကလည်း ခန့်ညားမောင်လာမကြိုမချင်း မညည်း မညူ ကျောင်းထဲက ထိုင်စောင့်တတ်တယ်ဆိုတာ ဝေယံကိုကို သိလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ သူက ခန့်ညားမောင်ရဲ့ ကျောင်းမှာလုံးလုံးမတွေ့နိုင်တဲ့ ပုံစံတစ်ခုကို တွေ့ရရုံသက်သက်အတွက် သူ့အချိန်တွေကို ဖြုန်းမိတော့တဲ့အထိပဲ။

"မင်းဘာလို့ အတန်းထဲကို အစောကြီးရောက်ရောက်နေတာလဲ"

ဘောလုံးကန်နေကြတဲ့ ဒီခန်းက မျောက်တစ်သိုက်ကို အပေါ်ကနေ ကြည့်နေတဲ့ ဝေယံကိုကိုက သူ့သူငယ်ချင်းကို လှည့်ကြည့်တယ်။

"နည်းနည်းလေးပဲ စောတာပါ"

"ဒီခန်းကမျောက်တွေက ဘယ်တော့အဆော့ပျက်မှာလဲ မသိဘူး စာမေးပွဲက သူတို့ အတွက် မရှိသလိုပဲ"

ညည်းညည်းညူညူနဲ့ သူ့ဘေးမှာ စာထိုင်တွက်နေတဲ့ သူငယ်ချင်းကို ဝေယံကိုကို မျက်လုံးစွေကြည့်တယ်။ ပြီးတော့ ဘောလုံးကန်နေကြတဲ့ ဒီခန်းကမျောက်တစ်သိုက်ကို သူ ပြန်ကြည့်တယ်။ မရိုးနိုင်တဲ့ ဆော့နည်းပေါင်းစုံ၊ ရန်ဖြစ်နည်းပေါင်းစုံနဲ့ ပြဿနာရှာနည်း ပေါင်းစုံကို လုပ်နိုင်တဲ့ ဒီခန်းက ကျောင်းမှာ နာမည်ကြီးပါပဲ။ သူ့သူငယ်ချင်း ပြောသလို ဆယ်တန်းစာမေးပွဲက ဒီကောင်တွေက မရှိသလိုပဲ။

"ခန့်ညားမောင် နင်ဒီလာခဲ့စမ်း!"

ဆရာမရဲ့ အော်သံကြားတာနဲ့ ခန့်ညားမောင်တို့ တစ်သိုက်က ထွက်ပြေးတော့တာပဲ။ ဒါကလည်း ပုံမှန်ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပုံစံမျိုးတွေပေါ့။ ခန့်ညားမောင်တို့အုပ်စုနဲ့ဆရာမတွေက စိမ်ပြေလိုက်တမ်းဆော့ရတာ သိပ်သဘောကျပုံပါပဲ။

ယောကျာ်းလေးကျောင်းမှာ အလိုအပ်ဆုံးက မွှေးမွှေးပျံ့ပျံ့ မိန်းကလေး လှလှလေး တွေပေါ့။ မိန်းမဆိုလို့လည်း ကျောင်းမှာရှိတာက မုန့်ဈေးတန်းမှာ မုန့်ဟင်းခါးရောင်းတဲ့ အန်တီကြီးရဲ့ သမီးလောက်ပဲ မျက်လုံးထဲ ထည့်ချင်စရာရှိတာ။ ခန့်ညားမောင်တို့အုပ်စုက မုန့်ဟင်းခါးရောင်းတဲ့ အန်တီကြီးရဲ့ သမီးကို လစ်ရင်လစ်သလို ဖွန်ကြောင်တတ်ကြသေးတယ်။

The One I Like Is You [Own Creation]Where stories live. Discover now