1

25.8K 889 18
                                    

Zawgyi

[ဤFictionထဲရှိဇာတ်​​ကောင်​ ဇာတ်​လမ်း ဇာတ်​ကွက်​များသည်​ Author ၏စိတ်​ကူးယဉ်​ဖန်​တီးမှူများသာဖြစ်​ပါသည်​။ မည်​သည့်​သက်​ရှိ သက်​မဲ့ လူပုဂ္ဂိုလ်​ တစ်​ဦးတစ်​​ယောက်​ကိုမှထိခိုက်​​စေလိုခြင်းမရှိပါ။ Fiction ကို Fiction အတိုင်းပဲမြင်​​ပေးကြပါရန်​​မေတ္တာရပ်​ခံပါသည်​။ 18+အခန်းများလည်းပါနိုင်​တာ​ကြောင့်​ အသက်​မပြည့်​​သေးသူများထိုအခန်းများကိုမဖတ်​ချင်ပါကကျော်​သွားနိုင်​ရန်​ကြိုတင်​အသိ​ပေးပါမည်​။Fic coverက pinterestကပုံဖြစ်​ပါသည်​]
...............................

"သခင်​​လေးထရမယ့်​အချိန်​​ရောက်​ပါပြီ.."

ဦး​ဇော်​ထွန်းတစ်​​ယောက်​​နေ့တိုင်းအခက်​ကြုံရချိန်​ကမနက်​ပိုင်းပင်​ဖြစ်​သည်​ မနက်​တိုင်းသူအလုပ်​လုပ်​​နေသည့်​ "သစ္စာမြိုင်​စံအိမ်​​တော်​"ကြီးရဲ့တစ်​ဦးတည်း​သော​မြေး "လင်းလွန်း​ရောင်​"ကိုသွားသွားနိုးရသည်​ လူတစ်​​ယောက်​ကိုနိုးတာများဘယ်​​လောက်​ခက်​နိုင်​လို့လဲဟု့သူများ​တွေ​တွေး​ကောင်း​တွေးနိုင်​သည်​ သို့​ပေမယ်​ဦး​ဇော်​ထွန်းအတွက်​က​တော့သခင်​​လေးလင်းလွန်း​ရောင်​ကိုသွားနိုးမယ့်​အစားကျားမြီးသာ​ပြေးဆွဲလိုက်​ချင်​သည်

သခင်​​လေးကတစ်​ဦး​သော​မြေးပီပီဆိုးသည်​ အ​ချော့ကြိုက်​သည်​ လိုချင်​တာကိုမရရ​အောင်​ယူတတ်​သည်​ ထို့်​အပြင်​လူတိုင်းကသူ့ကို​ဦးစား​ပေးဆက်​ဆံမှသ​ဘောကျတတ်​သည်

ပြီး​တော့သူ့ကိုအသံကျယ်​ကျယ်​​အော်​​ပြောတာကိုသ​ဘောမကျ​ပေ သူ့အခန်းထဲကိုသူစိမ်းလူဝင်​တာကိုလည်းမကြိုက်​တတ်​တာ​ကြောင့်​ဦး​ဇော်​ထွန်းတစ်​​ယောက်​မနက်​ပိုင်းအိပ်​ယာနိုးရာမှာအခက်​​တွေ့​နေခြင်းဖြစ်​သည်​ အခန်းပြင်​က​နေနိုး​တော့လည်းသခင်​​လေးကဂရုပင်​မစိုက်​ အခန်းထဲဝင်​နိုးပြန်​​တော့လည်း​ဒေါသထွက်​တတ်​​သေးသည်

အဲ့ဒီ​လောက်​ထိမာနကြီး​နေတဲ့သခင်​​လေးလင်းလွန်း​ရောင်​ကအသက်​5နှစ်​သာရှိ​သေးသည် အသက်​5နှစ်အရွယ်ကေ​​​​လးတစ်​​ယောက်​ကလူကြီးတစ်​ယောက်လို​​မာနကြီးတယ်​ဆိုတာသူများ​တွေယုံချင်​မှယုံလိမ့်​မည်​ သို့​ပေမယ့်​လင်းလွန်းရဲ့ပိုင်​ဆို်​င်​မှူ​တွေကိုသိတဲ့သူတိုင်းက​တော့လင်းလွန်းအ​ကြောင်းကိုသိ​နေကြပြီဖြစ်​သည်​ မြန်​မာနိုင်​ငံရဲ့အချမ်းသာဆုံးစီးပွား​ရေးလုပ်​ငန်းရှင်​​တွေထဲကတစ်​​ယောက်​ဖြစ်​တဲ့ "​ဦးလင်းမြတ်​​အောင်​" နဲ့ ​ဆေးပညာ​လောကမှာမသိသူမရှိတဲ့ပါ​မောက္ခ "​ဒေါ်လွန်းမြတ်​ချယ်​"တို့ရဲ့တစ်​ဦးတည်း​သောသား ၊ မိုးကုတ်​က​ကျောက်​ရတနာတွင်းများနဲ့ဖားကန့်​ကရတနာတွင်း​တွေကိုလည်းပိုင်​ကာ​ကျောက်​အ​ရောင်းအဝယ်​​လောကမှာမသိသူမရှိတဲ့သူ​ဌေးမကြီး"​ဒေါ်မြတ်​သန္တာ​အောင်​"ရဲ့တစ်​ဦးတည်း​သောရင်​နှစ်​သည်းချာ​မြေး​လေးဆိုတဲ့ဂုဏ်​ပုဒ်​​တွေက လင်းလွန်းကိုထိုသို့ဖြစ်​​စေခဲ့ခြင်းပင်

Ready Or Not (Completed)Where stories live. Discover now