56

4.6K 364 35
                                    

နေထက်​နဲ့ Justin CCTVမှတ်​တမ်းကိုကြည့်​ပြီး

"သူ့ကြည့်​ရတာတခုခုကြံစည်​​နေပုံပဲ..."

"ငါထင်​တာ​တော့ တစ်​​ယောက်​​ယောက်​ကသူ့ကိုခိုင်းထားပုံရတယ်​ Justin..သူ့​နောက်​​ကြောင်းကို​သေချာစုံစမ်းလိုက်​..ပြီးရင်​သူ့ကိုမျက်​​ခြေမပြတ်​​စောင့်​ကြည့်​ရမယ်​"

"အင်း..ငါအခုစလုပ်​လိုက်​မယ်​"

တစ်​​နေ့လုံးလုံး ​နေထက်​နဲ့§Justin ​ဇော်​ကြီးကိုမသိမသာ​စောင့်​​ကြည့်​​နေကြ​လေသည်​ အလုပ်​သမား​တွေပစ္စည်း​ရွှေ့ရင်းနဲ့အလုပ်​ရှူပ်​​တော့ ​​ဇော်​ကြီးအမှတ်​တမဲ့ ကိုယ်​​ပေါ်မှာဝတ်​ထားတဲ့ရှပ်​အင်္ကျီကိုချွတ်​ပြီး ခုံတန်းတစ်​​တန်း​ပေါ်တက်​ကာ ပစ္စည်း​တွေဆက်​သယ်​သည်

နေထက်​မသိမသာ ထိုရှပ်​အင်္ကျီအနားကပ်​သွားကာ အင်္ကျီကိုစစ်​ကြည့်​​တော့အိတ်​ကပ်​တစ်​ဖက်​တွင်​ ​ဆေးလိပ်​ဘူးနဲ့မီးခြစ်​ ကွမ်းယာထုတ်​များရှိ​နေပြီး ​နောက်​ထပ်​အိတ်​ကပ်​တစ်​ဖက်​တွင်​​တော့ ​ဆေးဘူးတစ်​ဘူးကို​တွေ့လိုက်​ရ​လေသည်

'​ဆေးဘူး?....ဒါကဘာအ​တွက်​လဲ..​ဆေးဘူးကိုဘာအတွက်​​ဆောင်​ထားတာလဲ'

နေထက်​ ထို​ဆေးဘူးကိုယူ​ဆောင်​ကာပြန်​လှည့်​ထွက်​လာလိုက်​သည်

"Justin...ဒီ​ဆေးဘူးထဲက​ဆေး​တွေကဘာအတွက်​လဲဆိုတာငါသိချင်​တယ်​..စုံစမ်းလိုက်​ နာရီပိုင်းအတွင်းသိချင်​တယ်​"

"အင်း....ဒါကလွယ်​ပါတယ်​ မင်းအဲ့တစ်​​ယောက်​ကိုဘယ်​လိုထင်​လဲ"

"မရိုးသားဘူး...တခုခုကိုဖုံးကွယ်​ထားတယ်​ ငါတို့ထင်​တဲ့အတိုင်းပဲ သူ့​​ရဲ့အဓိကရည်​ရွယ်​ချက်​ဘာလဲဆိုတာမသိမချင်း ငါတ်ို့သိ​နေတယ်​ဆိုတာ​ပေါ်သွားလို့မဖြစ်​ဘူး"

နေထက်​ Justinကို ​ဆေးဘူး​ပေးပြီး​နောက်​ ထို​ဆေးဘူးနဲ့ပုံစံတူ​ဆေးဘူးထဲကို အား​ဆေးအမှူန့်​​တွေ​ပြောင်းထည့်​ပြီး ​မူရင်း​နေရာမှာ​ပြောင်းထည့်​လိုက်​​လေသည်

Flash back end

လင်းလွန်း စဉ်းစား​လေ​လေ​ဒေါသပိုပိုထွက်​လာရသည်​ အဲ့​ဆေးဘူးထဲမှာရှိတဲ့​ဆေး​တွေကို​နေထက်​သာ​ပြောင်းမထည့်​ခဲ့ရင်​..ဒါမှမဟုတ်​ အဲ့အလုပ်​သမားကိုသာမရိပ်​မိခဲ့ရင်​ သူ့က​လေး​တွေကိုသူဆုံးရှူံးလိုက်​ရ​တော့မှာ

Ready Or Not (Completed)Where stories live. Discover now