57(Final)

7.6K 397 77
                                    

"​ကျေနပ်​သွားပြီလား...."

လင်းလွန်းကသူ့​ရှေ့မှာ ပျက်​စီး​နေတဲ့ပစ္စည်းအပိုင်းအစ​တွေကိုကြည့်​ကာ နှင်းစက်​ဆီ​မေးလိုက်​သည်

"စိတ်တိုရင်​ ပစ္စည်း​တွေကို​ဖျက်​ဆီးတတ်​တာ ​ကောင်း​တဲ့အကျင့်​​တော့မဟုတ်​ဘူး​နော်​ အမနှင်းစက်​"

"နင်​က ငါ့ကိုကျင့်​ဝတ်​နဲ့ပတ်​သက်​ပြီးလာသင်​​ပေး​နေတာလား "

"အွန်း အဲ့လိုထင်​​တော့လည်းအဲ့လို​ပေါ့"

နှင်းစက်​ကမဲ့ပြုံးပြုံးလို​က်​ကာ

"ငါ နင့်​ကိုတကယ်​အံ့သြတယ်​ လင်းလွန်း​ရောင်​...ငါကဘယ်လိုလုပ်​ရက်​​တွေလုပ်​ခဲ့တယ်​ဆိုတာသိ​နေတာ​တောင်​ ငါနဲ့နှစ်​​ယောက်​တည်းဒီအခန်းထဲလိုက်​ရဲ​သေးတယ်​​ပေါ့"

"ကျွန်​​တော်​ကဘာလို့မလိုက်​ရဲမှာလဲ...မဟုတ်​မှလွဲ​ရော အမနှင်းစက်​က ကျွန်​​တော့်​ကိုတစ်​စုံတစ်​​ယောက်​ရဲ့ကာကွယ်​​ပေးမှူကိုလိုအပ်​​နေတဲ့လူလို့ထင်​​နေတာလား"

"မဟုတ်​လို့လား....မင်းက ​နေထက်​​အောင်​​​​အောက်​မှာပေါင်​ကားပြီး​နေ​ပေးခဲ့တဲ့သူပဲ"

"ဟက်​...ကျွန်​​တော်​​ပေါင်​ကားခြင်းမကားခြင်းကအမနဲ့မသက်​ဆိုင်​ပါဘူး"

"ဒါဆို ​နေထက်​​အောင်​ကိစ္စကလည်းမင်းနဲ့မဆိုင်​ပါဘူး လင်းလွန်း​ရောင်​ ငါသူ့ကိုသတ်​ချင်​သတ်​မယ်​ မသတ်​ချင်​မသတ်​ဘူး မင်းနဲ့ဘာဆိုင်​လဲ..ငါသိ​သ​လောက်​​တော့ မင်းတို့လက်​မထပ်​ရ​သေးဘူးမဟုတ်​လား"

"ဒါ​ပေါ့ ကျွန်​​တော်​တို့လက်​မထပ်​ရ​သေးဘူး ဒါ​ပေမယ့်​ကျွန်​​တော်​တို့ကစာချူပ်​​ပေါ်မှာသာမသက်​ဆိုင်​​သေးတာ အပြင်​မှာသက်​ဆိုင်​​နေပြီ...သူကကျွန်​​တော်​က​လေး​တွေရဲ့အ​ဖေ ကျွန်​​တော်ချစ်​တဲ့​ယောကျာင်္း"

လင်းလွန်း​ပြောရင်းနဲ့ နှင်းစက်​အ​ခြေအ​နေကိုအကဲခတ်​လိုက်​သည်​ နှင်းစက်​ဆိုတဲ့မိန်းက​လေးကိုကြည့်​ရတာတခုခုထူးခြား​နေသလိုခံစားရသည်​ မျက်​ဝန်းအိမ်​​တွေကလည်းမတည်​မငြိမ်​ဖြစ်​​နေသလို ​ဒေါသကလည်းထွက်​လွယ်​​သေးသည်

Ready Or Not (Completed)Where stories live. Discover now