11

5.6K 514 42
                                    

"တကယ်​​တော့လွန်​ခဲ့တဲ့​ခြောက်​နှစ်​ သားတို့ဆယ်​တန်းစာ​မေးပွဲ​ဖြေပြီးတဲ့​နေ့မှာ လင်းလွန်း​ရောင်​ကားအက်​စီးဒန့်​ဖြစ်​ခဲ့တာ.."

"ဟမ်​!.."

"ဟုတ်​တယ်​ သား...​ဖေ​ဖေသားကိုတမင်​မ​ပြောခဲ့တာ သားစိတ်​မ​ကောင်းဖြစ်​မှာဆိုးလို့...အဲ့တုန်းက လင်းလွန်း​ရောင်​အ​ခြေအ​နေက​တော်​​တော်​ဆိုးခဲ့တာ..သူ့အ​မေဆို အ​ရေး​ပေါ်ခန်း​ရှေ့မှာ​သေသွားတာ...သူ့အဘွားကလည်း​မြေးစိတ်​နဲ့သမီးစိတ်​နဲ့ အိပ်​ယာထဲလဲ​တော့တာပဲ...လင်းလွန်း​ရောင်​ကျ​တော့ကိုမာဝင်​​နေခဲ့တာ...ပြန်​သတိရလာတာမကြာ​သေးဘူး..."

"ဒါဆို​ခြောက်​နှစ်​လုံးလုံးသူကိုမာဝင်​​နေခဲ့တာ​ပေါ့!.."

"ဟုတ်​တယ်​ သား...အဲ့အ​တောအတွင်းမှာ ဦးလင်းမြတ်​တစ်​​ယောက်​တည်း​တော်​​တော်​ဒုက္ခ​ရောက်​ခဲ့တယ်​...စီးပွား​ရေး​တွေလည်းအရှူံး​ပေါ်ပြီးလူနဲ့စိတ်​လည်းမကပ်​ဖြစ်​​နေတာ...အခုလိုသူ့သားပြန်​သတိရလာ​တော့သူအရမ်းဝမ်းသာ​နေမှာပဲ...ဒါ​ပေမယ့်​​ငွေအလွဲသုံးစားမှူ​ကြောင့်​​ထောင်​ထဲ​ရောက်​​နေရပြီ သူလည်းပိုက်​ဆံအ​ရေးတကြီးလိုအပ်​ခဲ့မှာ​ပေါ့..အဲ့ချိန်​​တွေတုန်းက​​ဖေ​ဖေတကယ်​မသိခဲ့ဘူး..ပြည်​ပ​ရောက်​​နေခဲ့တာ..​ဖေ​ဖေသာသိခဲ့ရင်​ကူညီ​ပေးခဲ့မှာ..."

ဒီလို​တွေကြားရ​တော့လည်း​နေထက်​လင်းလွန်းကိုဘယ်​လိုပဲအမြင်​ကပ်​ပါ​စေ စိတ်​မ​ကောင်းဖြစ်​မိသည်​ လင်းလွန်းပိုက်​ဆံ​ချေးဖို့​ပြောတုန်းကသူထင်​ခဲ့တာကအဲ့​လင်းနို့​ကောင်​ပြသနာတခုခုရှာမိပြီး​လျော်​ဖို့​ငွေလို​နေတာ သူ့မိဘနဲ့အဘွားကိုမ​ပြောချင်​လို့လာ​ချေးတာလို့ထင်​ခဲ့သည်​ အဲ့ဒါ​ကြောင့်​လည်းသူတမင်​စလိုက်​မိတာ အခု​တော့ကြည့်​ရတာ သူ့အ​ဖေလုပ်​ခဲ့တဲ့ကိစ္စ​တွေနဲ့ပတ်​သက်​ပြီးအ​ကြွေးတင်​​နေတာဖြစ်​ရမည်

'ငါစတာလွန်​သွားတာလား...'

"ကြည့်​ရတာ ခုနကတုန်းကလင်းလွန်း​ရောင်​ အ​ဖေ့ဆီလာတာ အကူညီ​တောင်းဖို့ထင်​တယ်​.."

Ready Or Not (Completed)Where stories live. Discover now