20

4.9K 440 36
                                    

နေထက်​လှူပ်​ရှားမှူ​တွေလည်းရပ်​တန့်​သွားကာ လင်းလွန်းလည်းကိုယ်​ကတုန်​တက်​သွားပြီးဘာလုပ်​ရမယ်​မှန်းမသိဖြစ်​သွား​လေသည်

"အ​ဖေ..အ​ရေးကြီးကိစ္စရှိလို့လား..."

"..အပြင်​က​ခေါ်​သေး​ပေမယ့်​သားဖက်​ကပြန်​ထူးသံမကြားလို့..အခန်းတံခါးကလည်းပွင့်​​နေတာနဲ့ဝင်​လာလိုက်​တာ..ကြည့်​ရတာအ​ဖေ​နှောင့်​ယှက်​မိသွားပြီထင်​တယ်​ ဆက်​လုပ်​..အယ်​ ဆက်​ချိုးကြပါ..သားပြီးရင်​အ​ဖေ့အခန်းကိုလာခဲ့ဦး..."

ဦး​အောင်​ထက်​ကလူကြီးပီပီက​လေး​တွေအ​နေမခက်​​စေရန်​အမြန်​ပင်​​ရှောင်​ထွက်​သွား​ပေး​လေသည်

သားဖြစ်​သူရဲ့အချစ်​​ရေးနဲ့ပတ်​သက်​ပြီးသူ့မှာဝင်​ပြီးစွက်​ဖက်​လိုစိတ်​မရှိ​ပေ အဓိကအ​ရေးကြီးတာက သား​ပျော်​ရွှင်​ဖို့်​ပဲမဟုတ်​လား...တစ်​ဦးတည်း​သောသားဖြစ်​သူကgayဆိုတာသိလိုက်​ရ​တုန်းကလည်းနားလည်​​ပေးခဲ့သည်​ ​နေထက်​ရည်းစား​တွေထည်​လဲတွဲ​နေတာကိုလည်းသူသိသည်​ တွဲတဲ့သူ​တွေထဲမှာမိန်းက​လေးတစ်​​ယောက်​နှစ်​​ယောက်​လည်းပါ​ပေမယ့်​အ​တော်​များများက​ယောကျာင်္း​လေး​တွေချည်းပဲသာ
ဖြစ်​သည်​ သို့​ပေမယ့်​ဒီအတိုင်းလွတ်​ထားခဲ့တာမဟုတ်​​ပေ လွန်​လွန်​ကြူးကြူးမဖြစ်​​စေရန်​အမြဲလူလွတ်​ပြီး​စောင့်​ကြည့်​ခဲ့သည်

"ကြည့်​ရတာ...​နေထက်​နဲ့သားလင်းလွန်းတို့ကအ​ခြေအ​နေတခုထိ​ရောက်​​နေကြပြီလား.."
...........................
"နှာဘူး​ကောင်​.."

လင်းလွန်းက​နေထက်​ကိုတွန်းထုတ်​ကာထရပ်​ပြီး​ကြွေကန်​အပြင်​ဖက်​ကိုထွက်​သည်

"ခုနကအန်​ကယ်​​တွေ့သွားပြီ..ဘယ်​လိုလုပ်​မလဲ..ငါစိတ်​ညစ်​ပါတယ်​.."

လင်းလွန်း ​ခေါင်းကိုဟိုဘက်​ဒီဘက်​ခါပစ်​ရင်းစိတ်​ညစ်​စွာ​ပြော​နေ​ပေမယ့်​​နေထက်​ကတိတ်​ဆိတ်​​နေတာ​ကြောင့်

"မင်းဘာမှမ​ပြော..."

နေထက်​က​ကျောက်​ရုပ်​ကဲ့သို့ငြိမ်​​နေကာတစ်​​နေရာရာကိုစူးစူးစိုက်​စိုက်​ကြည့်​​နေတာ​ကြောင့်​လင်းလွန်းလည်းတိတ်​ဆိတ်​သွားကာ ​နေထက်​ကြည့်​​နေတဲ့​နေရာကိုလိုက်​ကြည့်​မိ​တော့အကြည့်​ကသူ့ရဲ့အင်္ကျီ​ပေါ်မှာဆုံးသည်

Ready Or Not (Completed)Where stories live. Discover now