- 0 -

5.3K 241 25
                                    

[ZAWGYI]

- တုနှိုင်းမဲ့ -

ခိုင်းဟွမ်မင်းလက်ထက် တတိယမြောက်နှစ် __

သာ့ဆွေ့နိုင်ငံတော်ကြီးသည် ဂုဏ်အရှိန်အဝါ ခမ်းနားကြီးကျယ်လှသည့် မြောက်ပိုင်းမင်းဆက်အသစ်ဖြစ်သော ထန်မင်းဆက်ကို ထူထောင်နိုင်ခဲ့သည်။

ဧကရာဇ်ယန်ကျန်းက ပြည်ထောင်အပေါင်းကို အာဏာစက်ပျံ့နှံ့စေလိုသော ရည်ရွယ်ချက်ဖြင့် ကျယ်ကျန်းဌာန (မဟာဗျူဟာနှင့် လျှို့ဝှက်အမှုကိစ္စများအတွက် စုံစမ်းရေးဌာန)ကို တည်ထောင်ခဲ့လေသည်။

နှင်းအုံ့ဆိုင်းသော ညတစ်ည၌ ယွီထျန်*တိုင်းပြည်ငယ်မှ လက်ဆောင်ပဏ္ဍာဆက်သရန် လာရောက်သည့် သံတမန်အဖွဲ့ လုပ်ကြံခံရလေသည်။ တိုက်ခိုက်ခံရမှု၌ အသက်ရှင်ကျန်ရစ်သူမရှိ။

ကျယ်ကျန်းဌာနချုပ်၏ဒုတိယအကြီးအကဲ စုံစမ်းရေးမှူးဖုန့်ရှောင်း*သည် ဘုရင်မင်းမြတ်၏အမိန့်တော်ဖြင့် ယင်းအမှုကို လူကိုယ်တိုင်လာရောက်စစ်ဆေးရသည်။

ဝေးလံသော နယ်စပ်ဖျားရှိ လျို့ကုန်းမြို့တော်သို့ အနယ်နယ်အရပ်ရပ်မှ အရေးပါသည့်တပ်ဖွဲ့များ အသီးသီးရောက်ရှိလာသည်နှင့်အမျှ မုန်တိုင်းတစ်ခု အစပျိုးလေတော့၏။ ခွန်အားကြီးများသူက ခွန်အားကြီးမားသူချင်း ပုခုံးချင်းယှဉ်ကြသည်။ အတတ်ပညာကျွမ်းကျင်သူတို့က အတတ်ပညာအချင်းချင်း ဆုံကြသည်။

ဤတွင် ထာဝရအောင်မြင်မှုသရဖူဆောင်းနေကျ စုံစမ်းရေးမှူးဖုန့်ရှောင်းသည် ပထမဦးဆုံးအကြိမ်အနေနှင့် အတားအဆီးတံတိုင်းတစ်ခုကို ရင်ဆိုင်တွေ့ရလေတော့သည်။

အရာအားလုံးက နာမကျန်းဝေဒနာခံစားနေရသည့် ခွန်အားချည့်နဲ့သော ကွမ့်ကျူတစ်ယောက်မှ* အစပြုလေ၏။

ရန်စမှုများသာ မရှိခဲ့လျှင် တချို့သောအရာများကို ဘယ်သောအခါမှ သိခွင့်ရမည်မဟုတ်။ တစ်ယောက်နှင့်တစ်ယောက် စကားစစ်ထိုးကြရင်းနှင့်မှ ဖုန်းရှောင်းသည် ထိုလူမမာကောင်က မိမိကိုယ်တိုင်ထက်ပင် အလိမ်အညာ အယောင်အဆောင်များနေသည်ကို သဘောပေါက်မိလိုက်သည်။

「Wushuang」တုနှိုင်းမဲ့ 《တုနှိုင်းမဲ့》 Where stories live. Discover now