- 10 -

178 30 4
                                    

Unicode

အပိုင်း (၁၀)

-"ချွီချွီ .. မင်း ဒီဟင်းကို ကြိုက်တယ်မလား ... ရော့ ... များများစားနော်" -

(၁၀)

အသက်ရှင်သန်ဖို့အတွက် အများထက်သာလွန်သည့် စိတ်ခွန်အားတစ်ခုတည်းကိုသာ မှီခိုနေရသော်လည်း နျိုက်ဟယ်ရှန်းက သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ယိုယွင်းစေခဲ့သည်သာ။ စွေးပုချွီ၏ မူလကတည်းက မကျန်းမာသော ခန္ဓာကိုယ်မှာ ပို၍ပင်ဆိုးရွားလို့လာသည်။ နောက်တစ်နေ့ သူနိုးလာသည့်အချိန်မှာတော့ သူ့နဖူးကိုသူ ထိကြည့်ရာမှာ အဖျားထပ်ဝင်မှန်း သိလိုက်ရသည်။

လေပူပူများကို ဖြည်းညင်းစွာရှူသွင်းလိုက်သည်။ ဒီခံစားချက်ကို သူ ကျင့်သားရနေပြီးဖြစ်သည်။ ဒါပေမယ့် နှစ်သက်သဘောကျခြင်းတော့ မဟုတ်။

ဘယ်သူကမှတော့ နာကျင်မှုဝေဒနာကို ရာသက်ပန်မခံစားလိုပေ။ သို့သော်လည်း ရှောင်လွှဲ၍မရမှတော့ နေသားကျအောင်လုပ်ဖို့ရန်သာ တတ်နိုင်သည်။
  
ကုတင်ခေါင်းရင်းပိုင်း၌ အဝတ်အစားအသစ်တစ်စုံနှင့် ဝတ်ရုံထူထူတစ်ထည်ရှိ၏။ ဖေကျင့်ကျယ်က စီစဉ်ပေးထားခြင်းသာဖြစ်မည်။ ဖုန့်ရှောင်းကတော့ ဒီလိုအသေးအမွှားကိစ္စမျိူးကို အာရုံထားမည်မဟုတ်။ စွေးပုချွီသည် ဘာမှပြောမနေဘဲ အဝတ်အစားများကို လုံခြုံနေအောင် လဲဝတ်လိုက်သည်။ ထို့နောက် အခန်းထဲတွင် အသင့်ပြင်ပေးထားသော ရေဖြင့် ကိုယ်လက်သန့်စင်လိုက်ပြီးနောက်မှ ကျေနပ်ကာ နှေးနှေးကွေးကွေးဖြင့် အခန်းပြင်ကို ထွက်ခွာဖို့လုပ်သည်။

အပြင်ဘက်တွင် စောင့်နေသော ဖုန့်ရှောင်းတစ်ယောက် စိတ်မရှည်တော့ဘဲ ဖေကျင့်ကျယ်ကို အထဲသို့ဝင်ခိုင်းကာ မြန်မြန်လုပ်ဖို့ ပြောခိုင်းသည်။

ဖေကျင့်ကျယ်သည် အစက စွေးပုချွီ တမင်တကာအချိန်ဆွဲနေသည်ဟု တွေးမိသော်လည်း ကာယကံရှင်၏မျက်နှာမှာ မနေ့ကထက်ပင်ပို၍ ဖြူဖျော့နေသည်ကို မြင်လိုက်ရသည့်အခါ သူ လက်သီးဆုပ်ရင်း ချောင်းတစ်ချက်ဟန့်လိုက်၏။ အနည်းငယ် အားနာသွားဟန်ကြောင့် သူ၏အသံကလည်း အနည်းငယ်ပို၍ ပျော့ပြောင်းကြင်နာသွားသည်။

「Wushuang」တုနှိုင်းမဲ့ 《တုနှိုင်းမဲ့》 Where stories live. Discover now